Lifestyle: အပိန်ပါးဆုံး ခန္ဓာကိုယ်မရလို့ ကိုယ့်ကိုကို သတ်သေတဲ့ ဆယ်ကျော်သက် မိန်းကလေး

ဆယ်ကျော်သက်မလေး တစ်ယောက်ဟာ မော်ဒယ်တစ်ယောက်လို အပိန်ဆုံး ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်စိတ် အမြဲဖြစ်ပေါ်ကာ သူမရဲ့ခန္ဓာကိုယ်ကို ဓာတ်ပုံထောင်ချီ ရိုက်ပြီးတဲ့နောက်မှာ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။

play

 

ဟန်နာ ကာပန်တာဟာ အသက် ၁၃ နှစ်ကတည်းက အစားအသောက် မမှန်တဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူမဟာ အဆိုးဆုံး အချိန်တွေကို ကျော်လွန်သွားပြီး တောက်ပတဲ့ အနာဂတ်ရှိနေပြီလို့ သူမရဲ့မိဘတွေက ထင်မြင်ထားတာပါ။

အသက် ၁၈ နှစ်ရှိ ဟန်နာရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူမတို့အိမ်နားက တောထဲမှာ တွေ့ရှိခဲ့တာပါ။

play

 

သူမရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး မကျေမနပ် ညည်းညူထားတဲ့ စာတွေနဲ့အတူ  သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထောင်နဲ့ချီပြီး သူမရဲ့ ဖုန်းထဲမှာ တွေ့ရှိခဲ့ရပါတယ်။

ဟန်နာဟာ သူမရဲ့ခြေထောက်ကို ထောင့်ပေါင်းစုံကနေ ဗွီဒီယို ရိုက်ပြီး “ဒီလိုဆိုရင် ဝတယ်လို့ထင်ရလား၊ ဒီလိုဆိုရင်ရော ဝတယ်ထင်ရလားလို့” အမြဲမေးနေခဲ့ပြီး။ နေ့စဉ် ဓာတ်ပုံများစွာ ရိုက်ခဲ့ပါတယ်။

play

သူမ အသက် ၁၃ နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်မှာ အစာစားခိုင်းလို့မရတဲ့အတွက် သူမကို ဆေးရုံတစ်ခုကို ခေါ်သွားခဲ့ရဖူးပါတယ်။

စစ်ဆေးမှုအရ ဟန်နာက ကိုယ့်ကိုကိုယ် သတ်သေတာဖြစ်တယ်လို့ သေမှုစစ်အရာရှိ ဘာရီက နိုဝင်ဘာလ ၂၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ