Lifestyle: မှားယွင်းနေတဲ့ အိမ်ထောင်ရေး အယူအဆများ

အိမ်ထောင်ပြုတဲ့ကိစ္စအပေါ် မှားယွင်းပြီး မှတ်ယူနေကြတဲ့ အယူအဆအချို့ဟာ သိပ်ကိုမှားယွင်းနေတယ်ဆိုတာ လေ့လာချက်တွေ့ ဖော်ထုတ်ထားတာပါ။

play

 

အိမ်ထောင်ပြုလက်ထပ်ခြင်းဆိုတာ လူသားတွေရဲ့ ဘဝထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လက်ထပ်ခြင်းနဲ့ ပတ်သတ်ပြီး အကောင်းအဆိုး ငြင်းခုံမှုတွေလည်း ရှိနေဆဲပါ။ ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကနိယာမအတိုင်း အိမ်ထောင်ပြု လက်ထပ်ခြင်းမှာလည်း အတူတူပါပဲ။

ကဲ အိမ်ထောင်ရှင်စုံတွဲတွေနဲ့ ပတ်သတ်ပြီး မှားယွင်းမှတ်ယူနေကြတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ဆိုတာ အောက်မှာ ကြည့်လိုက်ပါဦး။

၁။ အိမ်ထောင်ရှင် ၅၀ ရာခိုင်နှုန်းလောက်က ကွာရှင်းကြတယ်

play

 

ဒါသိပ်ကိုမှားယွင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်လောက်တုန်းကတော့ လေ့လာမှုအရ အိမ်ထောင်ရှင် စုံတွဲ ၆၆ ရာခိုင်နှုန်းလောက် ကွာရှင်းကြတယ်လို့ ဆိုပါတယ်။ ဒါအမြင့်ဆုံးပါ။ အခုတော့ ကွာရှင်းပြတ်ဆဲမှုက အဲဒီလောက် မမြင့်မားတော့ပါဘူး။ ၂၀၁၁ တုန်းကလေ့လာမှုအရ အရွယ်ရောက်ပြီးသူ အယောက် ၁၀၀၀ မှာ ၃.၆ ယောက်သာ ကွာရှင်းမှု ရှိတယ်လို့  ဆိုပါတယ်။

၂။ ပျော်ရွှင်နေတဲ့ အိမ်ထောင်သည်တွေက ရန်မဖြစ်ကြဘူး

play

 

ဘယ်တော့မှ ရန်မဖြစ်ဘူးကြဘူးဆိုတိုင်း တစ်ဦးကိုတစ်ဦး အပြည့်အဝ နားလည်တယ်လို့ ယူဆလို့ မရပါဘူး။ စုံတွဲ ၂၈၀ ကိုလေးနှစ်ကြာလေ့လာခဲ့မှုအရ ပျော်ရွှင်ကြတဲ့စုံတွဲတွေလည်း ရန်ဖြစ်ကြတယ်လို့ ပြောပါတယ်။ ရန်ဖြစ်ပြီတဲ့ခါ အိမ်ထောင်သည်တွေက ပိုတောင်အချစ်ပိုလာတက်ကြတယ်လို့ ပြောပါတယ်။

၃။ ကလေးရှိတဲ့ အိမ်ထောင်ရှင်တွေက ပျော်ပျော်နေနိုင်ကြတယ်

play

ကလေးမရသူတိုင်း စိတ်ညစ်ရတာ မဟုတ်ပါဘူး

ဒါလည်း မှားပြန်ပါတယ်။ ကလေးရှိတဲ့ အိမ်ထောင်သည်တွေက မရှိတဲ့သူတွေထက် ပိုပျော်ကြတယ်ဆိုတာ မှားယွင်းတဲ့ အယူအဆပါ။ United Kingdom တက္ကသိုလ်ရဲ့ လေ့လာချက်အရ ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် ကလေးမရှိတဲ့ အိမ်ထောင်သည်တွေကတောင် ပိုပျော်ပျော်နေနိုင်ကြတယ်လို့ ပြောကြပါတယ်။ တကယ်ပျော် ပျော်နေနိုင်ကြတဲ့ အိမ်ထောင်သည်တွေကြားမှာ ရှိတဲ့အရာက တာဝန်ခွဲဝေယူတက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

၎။ အိမ်ထောင်ကျပြီးရင် ချစ်တင်းနှောမှု လျော့နည်းသွားတယ်

play

အိမ်ထောင်ပြုပြီးတဲ့အခါမှာ ဇနီးမောင်နှံအချင်းချင်း ချစ်တင်းနှောမှု လျော့နည်းသွားတယ်လို့ မှတ်ယူနေကြတာလည်း  မှားယွင်းပါတယ်။ အင်ဒီယားနားတက္ကသိုလ်ရဲ့ လိင်မှုရေးရာကျန်းမာရေး ဌာနက လေ့လာချက်အရ အိမ်ထောင်ပြုပြီးသူ အမျိုးသမီးတွေက အရင်ကထက်တောင် ချစ်တင်းနှောတဲ့ အကြိမ်ရေ တိုးလာတယ်လို့ ဆိုပါတယ်။

၅။ လက်မထပ်ခင် အတူနေသူတွေက ကွာရှင်းဖို့ ပိုများတယ်

play

 

သိပ်ကို ရယ်စရာကောင်းတဲ့ အယူအဆပါ။ စုံတွဲ ၇၀၀၀ ကျော်ကို လေ့လာချက်အရ လက်မထပ်ခင် အတူနေကြတာဟာ အိမ်ထောင်ရေးကို အကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိစေခဲ့ဘူးလို့ ဆိုပါတယ်။ ကွာရှင်မှု အများဆုံးဖြစ်တာက အသက် ၁၈ နှစ်ဝန်းကျင်မှာ အိမ်ထောင်ပြုတာဖြစ်ပါတယ်။

Source & Photos : www.msn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ