Lifestyle: မြန်မာနိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ယက်များ

နိုင်ငံတကာသတင်းတွေကို ဖတ်ချင်တဲ့လူတွေက တွစ်တာကို သုံးပါတယ်။

play

 

တိုးတက်မှုရဲ့နောက်မှာ မြန်မာနိုင်ငံကလည်း ကျန်မနေခဲ့ပါဘူး။ နည်းပညာခေတ်ကို ရင်ဘောင်တန်းလာတဲ့ မြန်မာနိုင်ငံကလည်း ကမ္ဘာကို ရွာတစ်ခုလို ဖန်တီးဖို့ လူမှုကွန်ယက်တွေကို အသုံးပြုနေကြပါတယ်။

၁။ ဖေ့စ်ဘွတ်

play

 

ဖေ့စ်ဘွတ်ရဲ့ အောင်မြင်မှုကို ဘယ်သူကမှ ရပ်တန့်မရပါဘူး။ လူမှုကွန်ယက်ပီသစွာ လူတွေရဲ့ စိတ်သဘောထားလိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးနေတဲ့ ဖေ့စ်ဘွတ်ရဲ့ ဆွဲဆောင်မှုကို မြန်မာနိုင်ငံကလည်း ရုန်းမထွက်နိုင်တဲ့အခါ ဖေ့စ်ဘွတ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်ဖြစ်လာပါတယ်။

၂။ LINE

play

 

LINE ကို messenger တစ်ခုအနေနဲ့ပဲ သိထားတယ်ဆိုရင်တော့ မှားသွားပါပြီ။ ကိုယ်ပိုင် timeline ကို ဖန်တီးနိုင်ပြီး ဖေ့စ်ဘွတ်နဲ့မခြား လုပ်ဆောင်မှုပေါင်းများစွာ ပါဝင်နေလို့ LINE သုံးစွဲသူဦးရေဟာ တစ်နေ့တစ်ခြား များပြားလာပါတယ်။

၃။ အင်စတာဂရမ်

play

 

ဆယ်ဖီယဉ်ကျေးမှုဟာ နိုင်ငံတိုင်းမှာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အနုပညာရှင်တွေအတွက် ပရိသတ်နဲ့ ပေါင်းကူးဆက်ဆံပေးဖို့ရာ အင်စတာဂရမ်က အကောင်းဆုံးပေါ့။ ပုံတွေနဲ့ ဗီဒီယိုဖိုင်အသေးစားတွေကို မျှဝေနေကြတဲ့နေရာပါ။ အားနည်းချက်ကတော့ အင်စတာဂရမ်ကို ဖုန်းနဲ့ပဲ အသုံးပြုလို့အဆင်ပြေပါတယ်။

၎။ တွစ်တာ

play

 

ဖေ့စ်ဘွတ်ကို ငြီးငွေ့သူတွေအတွက် တွစ်တာက နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ပြည်ပသတင်းတွေကို မြန်မြန်ဆန်ဆန် ဖတ်ရှုချင်သူတွေကတော့ တွစ်တာသုံးရတာ အဆင်ပြေတယ်လို့ ဆိုကြပါတယ်။

Photo : www.timeslive.co.za, www.webeyn.com, www.minimov.co, www.modernlanguage.cua.edu

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ