Lifestyle: မြင်လိုက်တာနဲ့ ချက်ခြင်း ဗိုက်ဆာ လာစေမယ့် မြန်မာကြိုက် စားစရာများ

ပုံမြင်လိုက်တာနဲ့တင် ချက်ခြင်းဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်တဲ့ မြန်မာကြိုက် စားစရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

play

 

အစားအသောက်ဟာ လူ့ခန္ဓာအတွက် သိပ်အရေးပါပါတယ်။ မနက်စာ ကောင်းကောင်းစားခြင်း၊ အာဟာရ ဖြစ်စေတဲ့ အရာများစားခြင်းဟာ လူသားတွေရဲ့ ဦးနှောက်မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်စေရုံသာ မက လုပ်ကိုင်ဖန်တီးနိုင်စွမ်းကိုပါ တိုးတက်စေတယ်ဆိုတာ သုတေသီတွေကလည်း လေ့လာချက်တွေနဲ့တကွ ဖော်ထုတ်ခဲ့ကြပြီးပြီဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ပြောင်းလဲလာတော့ လုပ်ငန်းခွင်တွေကြောင်း လူအများစုဟာ အစားအသောက်ကို ကောင်းနိုးရာရာ မရွေးချယ်နိုင်ပဲ အချိန်လုပြီး စားသောက်ကြရပါတယ်။ မြင်လိုက်တာနဲ့ သင့်ကို ချက်ခြင်း ဗိုက်ဆာသွားစေမယ့် ရိုးရာအစားသောက် တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဝက်သားတုတ်ထိုး

play

 

ဝက်သားတုတ်ထိုးမကြိုက်တဲ့သူက ခပ်ရှားရှားပါ။ ဗန်းထဲက တထောင်းထောင်းထနေတဲ့ အငွေ့တွေနဲ့ ဗန်းပေါ်က စားချင်စဖွယ်ဝက်သားတုတ်ထိုးတွေက သင့်ကို ချက်ခြင်း ဗိုက်ဆာလာစေမှာ သေချာပါတယ်။ ကြာဇံသုတ်၊ ဒါမှမဟုတ် ခေါက်ဆွဲသုတ်ပါ ရရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဘဲဥမဆလာဟင်း

play

 

မဆလာနံ့သင်းနေတဲ့ ဘဲဥချဉ်ဟင်းဟာ မမြင်ရသေးပဲ အနံ့ရရုံနဲ့တင် ဗိုက်ဆာသွားစေတဲ့ အစားအသောက် ဖြစ်ပါတယ်။ တကယ်လို့ ဗိုက်ဆာဆာနဲ့ အိမ်ပြန်ရောက်ချိန်မှာ ဘဲဥမဆလာဟင်းနံ့ ရလိုက်တယ်ဆိုရင် ထမင်းစားခန်းထဲ ပြေးဝင်မိသွားမယ့်သူ တွေချည်းပါပဲ။

ပုန်းရည်ကြီး ထမင်းသုတ်

play

 

ပုန်းရည်ကြီးရဲ့ လျှို့ဝှက်ချက်က ထမင်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေတာပါပဲ။ ထမင်းပူပူကို ကြက်သွန်နိုင်ချင်းနဲ့ သုတ်ထားတဲ့ ပုန်းရည်ကြီးထမင်းသုတ် ကို မြင်လိုက်ရင် ဗိုက်မဆာပဲ နေနိုင်မယ့်သူ ရှိမယ်မထင်ပါဘူး။

မြောင်းမြန်မုန့်ဟင်းခါး

play

 

မုန့်ဟင်းခါးဟာ မြန်မာလူမျိုးတွေရဲ့ အဓိကမနက်စာအဖြစ် နေရာယူထားတာ အတော်ကြာပါပြီ။ မြို့ပြတွေမှာလည်း မနက်စာက မုန့်ဟင်းခါးမှ မုန့်ဟင်းခါးပါပဲ။ မနက်ပိုင်းမှာ မြောင်မြမုန့်ဟင်းခါးပူပူကို မြင်လိုက်ရတာကလည်း သင့်ကို မစားပဲ မနေနိုင်အောင် ဖြစ်စေမှာပါ။

အကြော်စုံ

play

 

အညာမှာတော့ မြေဝိုင်းတဲထဲမှာ အုတ်ခဲတွေ ဖိုခနောက်ဆိုင်ပြီး ဆီနေနစ်နေတဲ့ ဒယ်အိုးကြီးထဲက အကြော်တွေကို ဆယ်နေတာ မြင်လိုက်ရတာနဲ့ ချက်ခြင်းစားချင်စိတ် ဖြစ်သွားမှာပါ။ အကြော်စုံပူပူနွေးနွေးကို အချဉ်ရည်ကောင်းကောင်းနဲ့ စားနေတယ်လို့ စဉ်းစားကြည့်လိုက်ပါ။ သင်ချက်ခြင်း ဗိုက်ဆာလာပါလိမ့်မယ်။

တို့ဟူးနွေး

play

 

ရှမ်းအစားအစာ တို့ဟိုးနွေးက အခုတော့ မြို့တိုင်းက ဆိုင်တိုင်းမှာ၊ လဘက်ရည်ဆိုင်တွေမှာပါ ရနေပါပြီ။ တကယ့်ရှမ်းစတိုင် တို့ဟူးနွေးပူပူနွေးနွေးက ချက်ခြင်း ဗိုက်ဆာလာအောင် စွမ်းဆောင်နိုင်ပါတယ်။

ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ်

play
play

 

ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုတ်ဆိုရင် နေ့လည်နေ့ခင်း အစာပြေစားဖို့ သင့်တော်ဆုံးပါ။ နေ့လည်စာ စားပြီးသား ဖြစ်နေရင်တောင်မှ ကြာဇံဟင်းခါပူပူလေးနဲ့ ရှောက်သီးသုပ် ကိုမြင်လိုက်ရရင် နောက်တစ်ခါ ဗိုက်ပြန်ဆာလာစေနိုင်ပါတယ်။

Photos : www.hsaba.com, jenho24.worldpress.com, www.lulucooking.blogspot, www.peapodriot.blogspot,www.pgm-tours.com, www.royanl-myanmar.com, www.student.expression.edu, www.tumblr.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ