Lifestyle: သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံများ

သွားတိုက်ရုံတစ်ခုတည်း သုံးနေသူအတွက် ဒီနည်းလမ်းတွေက အံ့သြပျော်ရွှင်စေမှာပါ။

play

 

အိမ်ရှင်မတွေအတွက် အသုံးတည့်မယ့်အရာကို ပြောပြချင်ပါတယ်။ သွားတိုက်ဆေးအကြောင်းပါ။ သွားတိုက်ရုံတစ်ခုတည်း သုံးနေသူအတွက် ဒီနည်းလမ်းတွေက အံ့သြပျော်ရွှင်စေမှာပါ။ ဒါပေမဲ့ သွားတိုက်ဆေးတိုင်းတော့ မဟုတ်ပါဘူး။ ဂျယ်လ်အမျိုးအစားမဟုတ်တဲ့ သွားတိုက်ဆေးကို သုံးရမှာပါ။

အလှထားတဲ့ ငွေထည်ပစ္စည်းတွေ အရောင်မှိန်လာတဲ့အခါ သွားတိုက်ဆေးနဲ့ရေကို ရောစပ်ပြီး ပွတ်တိုက်သန့်စင်ရင် ငွေထည်ပစ္စည်းတွေ ပြောင်လက်တောက်ပလာပါလိမ့်မယ်။

play

 

မှုန်ဝါးနေတဲ့ ကားမီးသီးကို သွားတိုက်ဆေးနဲ့ ပွတ်တိုက်ကြည့်ပါ။ ဘာမှမလိုပါဘူး။ ကားမီးသီးမှန်ပေါ် ရေနည်းနည်းဖြန်းပြီး အဝတ်စပေါ် သွားတိုက်ဆေး အနည်းငယ်တင်လို့ ပွတ်တိုက်လိုက်ရုံနဲ့ ကြည်လင်တာပါလိမ့်မယ်။

play

 

DVD အချပ်တွေမှာ ထင်နေတဲ့ အစင်းရာတွေကို သွားတိုက်ဆေးနဲ့ နူးညံ့တဲ့အဝတ်စကို သုံးပြီး ပွတ်တိုက်ရင် အစင်းတွေ လျော့သွားပါတယ်။

play

 

မီးပူတိုက်ရင်း အဝတ်နဲ့ ကပ်မိလို့ မီးပူမှာ ကျန်နေတဲ့ အမည်းစွန်းတွေကိုလည်း သွားတိုက်ဆေးသုံးပြီး ဖယ်ရှားနိုင်ပါသေးတယ်။

play

 

သင့်စမတ်ဖုန်း မျက်နှာပြင်က ဆွဲဆောင်မှု ကင်းမဲ့ပြီး ကြည်လင်မှုမရှိတော့ဘူးဆိုရင် သွားတိုက်ဆေးကိုပဲသုံးပါ။ သွားတိုက်ဆေးကို ဂွမ်းစလေးပေါ်တင်ပြီး ပွတ်တိုက်ပြီးမှ နူးညံ့တဲ့ အဝတ်စနဲ့ ထပ်မံသန့်စင်တဲ့အခါ ကြည်လင်တဲ့ ဖုန်းမျက်နှာပြင်လေးကို တွေ့ပါလိမ့်မယ်။

play

 

ဘေစင်နဲ့ ရေချိုးကန်တွေမှာ ဝါညစ်ညစ်ဖြစ်လာပြီဆိုရင်လည်း သွားတိုက်ဆေးက အသုံးတည့်ပါတယ်။ ဘရပ်ရှ်နဲ့ သွားတိုက်ဆေးကို အသုံးပြုသန့်စင်ပေးရုံပါပဲ။

Photo : www.wonderfulengineering.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ