Lifestyle: ဆေးပေါင်းခတဲ့ညနဲ့ မယ်ဇလီဖူးသုပ် ပြုလုပ်နည်း

, updated

တောက်ပတဲ့ လရောင်အောက်မှာ ဆေးဘက်ဝင် မယ်ဇလီဖူးသုပ်ကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်စားသောက်ရတာကိုက မြန်မာ့ဓလေ့အစစ် ဖြစ်ပါတယ်။

play

 

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လပြည့်နေ့ ရောက်ပြီဆိုရင် မယ်ဇလီဖူးသုပ် လုပ်စားလေ့ရှိကြပါတယ်။

တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့ သတ်မှတ်ကြပြီး မယ်ဇလီဖူးသုပ် စားရင် ကျန်းမာတယ်လို့ မြန်မာတွေက ယုံကြည်ကြလို့ပါပဲ။ တန်ဆောင်မုန်းလပြည့်နေ့ညမှာ နွယ်မြက်ကအစ သစ်ပင်တွေအားလုံး ဆေးဘက်ဝင်တယ်လို့ နက္ခတ်ဗေဒင်ဆရာတွေက ဆိုခဲ့ကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညရဲ့ ကောင်းကင်ဟာ ကြည်လင်နေပြီး ကြယ်တာရာနဲ့ နက္ခတ်တွေ စုံလင်ကြတာမို့လို့ ဆေးပေါင်းခတဲ့ညလို့ သတ်မှတ်ကာ လောကီအစီအရင်နဲ့ ဗေဒင် ယတြာတွေလည်း ပြုလုပ်ကြပါသေးတယ်။

အဲ့ဒီညမှာ နတ်မင်းအပေါင်းတို့က မယ်ဇလီပင်ကို စောင့်ရှောက်တဲ့ နတ်မင်းထံကို လာရောက်ကြရလို့ မယ်ဇလီပင်ဟာ ဆေးဘက်ဝင် အစွမ်းသတ္တိတွေ ကိန်းအောင်းနေတယ်ဆိုတဲ့ အယူနဲ့ မယ်ဇလီဖူးသုပ်ကို ညဘက်မှာ သုပ်စားကြပါတယ်။ မယ်ဇလီဖူးသုပ်ရဲ့ အရသာဟာလည်း အခါးဓာတ်၊ အဆိမ့်ဓာတ် ရှိတာကြောင့် ဆောင်းရာသီနဲ့ ကိုက်ညီတဲ့ ဓာတ်စာအဟာရလည်း ဖြစ်တာကြောင့် မြန်မာတွေကတော့ ရှေးရိုးရာမပျက် မယ်ဇလီဖူးသုပ် စားနေကြဦးမှာပါ။

မယ်ဇလီဖူးသုပ် ပြုလုပ်နည်း

play

 

မယ်ဇလီဖူးများကို သန့်စင်အောင်ဆေးပြီး ပြုတ်ပါ။ ပြီးလျှင် ငြုပ်ဆုံထဲထည့်၍ မညက်တညက် ထောင်းပါ။ နှမ်း၊ ထောင်းထားသောမြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ဆီချက်၊ ဆားနဲ့ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး သုပ်လိုက်ရင် ခါးဆိမ့်တဲ့အရသာနဲ့ ဆေးဘက်ဝင်တဲ့ မယ်ဇလီဖူးသုပ်ကို သုံးဆောင်နိုင်ပါပြီ။

Photo : www.2.bp.blogspot.com, www.snowrecipe.blogspot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ