Lifestyle: တန်ဆောင်မုန်း လပြည့်နေ့မှာ ညပိုင်း လည်ပတ်စရာ နေရာတွေ

ရုံးပိတ်ရက် ဖြစ်ပေမယ့် တန်ဆောင်မုန်း လပြည့်နေ့မှာ ဘယ်သွားရမှန်း မသိဖြစ်နေစရာ မလိုတော့ပါဘူး။

play

 

အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ရောက်တဲ့အခါ လည်စရာ ပတ်စရာတွေ ပေါလှပါတယ်။ ပိုက်ဆံ မကုန်ပဲ စားလိုရတဲ့ နိဗ္ဗာန်ဈေးပွဲတော်တွေလည်း နေရာတိုင်းမှာ ရှိသလို ဈေးရောင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း  ပေါများလှပါတယ်။ ကဲ ဒီကနေ့ တန်ဆောင်မုန်း လပြည့်နေ့မှာ အထူးသဖြင့် ညပိုင်းထွက်ချင်သူတွေအတွက် ရန်ကုန်က လည်စရာ ပတ်စာ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မြန်မာ့ရိုးရာမီးပုံလက်မှုပညာပြပွဲ

play

 

တာမွေက ရွှေထွဋ်တွင်ကွင်းမှာ မီးပုံးပျံပြိုင်ပွဲ လုပ်နေပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့ နှစ်ရက်တည်းသာ ကျင်းပသွားမှာပါ။ မီးပုံးပျံ ပြိုင်ပွဲအပြင် ဈေးပွဲတော်လည်း ပါဝင်ပါတယ်။ ကလေးငယ်တွေအတွက် နှစ်သက်စရာ ရောင်စုံမီးပုံးတွေလည်း စုံစုံလင်လင် ဝယ်နိုင်မှာပါ။ ဝင်ကြေးက ပူစရာမလိုပါဘူး။ အခမဲ့ပါ။ ဒီကနေ့ လပြည့်နေ့မှာ ရွှေထွဋ်တင်ကွင်းက သွားဖို့ အသင့်တော်ဆုံး နေရာတစ်ခုဖြစ်ပါတယ်။

၂။ လမ်းမတော်ပွဲဈေး

play

 

အေးအေးလူလူ ပွဲဈေးလျှာက်ချင်တယ်ဆိုရင် လမ်းမတော်ပွဲဈေး သွားလို့ရပါတယ်။ မြန်မာ့ပွဲဈေးတွေရဲ့ ထုံးစံအတိုင်း  မြန်မာ့ရိုးရာ မုန့်မျိုးစုံ၊ လိုချင်စရာ ပစ္စည်းမျိုးစုံ တွေ့ရမှာပါ။ ချားရဟတ်နဲ့ အခြားသော ပျော်ရွှင်စရာ နည်းလမ်းတွလည်း ပွဲဈေးတို့ ထုံးစံအတိုင်း ပါဝင်ပါသေးတယ်။ အပျော်ကစားနည်းတွေအပြင် အိမ်သုံးလူသုံးပစ္စည်း ရောင်းချတဲ့ဆိုင်တွေလည်း များလှပြီး တန်ဆောင်မုန့်လပြည့်ကျော် တစ်ရက်နေ့ အထိ ပွဲဈေးကျင်းပသွားမှာ ဖြစ်ပါတယ်။

၃။ ဦးဘဂျမ်းကာတွန်းပွဲ

play

 

ကာတွန်းဆရာ ဦးဘဂျမ်းကာတွန်းပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်လည်း တန်ဆောင်မုန်း လပြည့်နေ့မှာ လမ်းမတော်ပွဲဈေးသွားရင်း

၁၃ လမ်းမှာရှိတဲ့ ဦးဘဂျမ်းကာတွန်းပွဲကို ဝင်ကြည့်လို့ ရတာပါပဲ။ ကာတွန်းဆရာတွေများစွာရဲ့ ထိထိမိမိ ကာတွန်းလက်ရာတွေကို အေးအေးလူလူ ကြည့်ရှုနိုင်ပါတယ်။ ဒါပြီးမှ ပွဲဈေး ဆက်လျှောက်လို့လည်း နောက်မကျပါဘူး။

Photos : MOI webportal myanmar, www.nationalgeographic.com, www.grandviewmyanmartour.com,www.youtube.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ