Lifestyle: ကလေးတွေချစ်တဲ့ စေတနာ သစ်သီးသည်များ

ဒံပေါက်ဘူးအရွယ် ဖော့ဘူးထဲမှာတော့ ပန်းသီး၊ လိမ္မော်သီး၊ သခွားမွှေး၊ ရှောက်ချိုသီး၊ ဖရဲသီး၊ သစ်တော်သီးတွေ အပြည့်ပါဝင်တာမို့ ၂၀၀ ကျပ်တန် သစ်သီးဘူးလေးဟာ ကလေးတွေကို ပျော်ရွှင်စေခဲ့ပါတယ်

play

 

နိုဝင်ဘာ ၂၃ ရက်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ အသီးသည်တစ်စုရဲ့အကြောင်း ပျံ့နှံ့ခဲ့ပါတယ်။ အခြေခံပညာကျောင်းတစ်ခုမှာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သန့်ရှင်းတဲ့ သစ်သီးဘူးတွေကို တစ်ဘူး ၂၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ လူငယ်တစ်စုပဲ ဖြစ်ပါတယ်။

play

 

မုံရွာ စီးပွားရေးတက္ကသိုလ်မှာ MBA တက်နေတဲ့ လူငယ်လေးယောက်နဲ့ ဆရာဝန်တစ်ယောက် ပါဝင်ပြီး ကျောင်းမုန့်ဈေးတန်းက တရုတ်မုန့်တွေနေရာမှာ ကျန်းမာသန့်ရှင်းတဲ့ သစ်သီးတွေနဲ့ အစားထိုးဖို့ သစ်သီးဘူးတွေကို အကျိုးအမြတ်မပါဘဲ ရောင်းနေကြတာပဲဖြစ်ပါတယ်။

play

 

ဒံပေါက်ဘူးအရွယ် ဖော့ဘူးထဲမှာတော့ ပန်းသီး၊ လိမ္မော်သီး၊ သခွားမွှေး၊ ရှောက်ချိုသီး၊ ဖရဲသီး၊ သစ်တော်သီးတွေ အပြည့်ပါဝင်တာမို့ ၂၀၀ ကျပ်တန် သစ်သီးဘူးလေးဟာ ကလေးတွေကို ပျော်ရွှင်စေခဲ့ပါတယ်။ ဒီသစ်သီးဘူးတွေ ရောင်းချဖို့ သက်ဆိုင်ရာ ကျောင်းအုပ်ထံကနေ ခွင့်ပြုချက်ရယူခဲ့တယ်လို့လည်း သိရပါတယ်။

play

 

စမ်းသပ်ရောင်းချတဲ့ သစ်သီးဘူး ၅၀ ဟာ တခဏအတွင်း ကုန်သွားပြီးတော့ ကျောင်းသားမိဘတွေဆီကလည်း ထောက်ခံချက်တွေ ရရှိခဲ့ပါတယ်။

play

 

ကလေးတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာ၊ဆရာမတွေက အရမ်းသဘောကျကြတဲ့ ဒီသစ်သီးဘူးလေးတွေကို ရောင်းချမှုကနေ အမြတ်တစ်စုံတစ်ရာ မရခဲ့ဘူးလို့ ပါဝင်ရောင်းချသူ ကိုကျော်ဇေယျက ဆိုပါတယ်။ ဒီလိုရောင်းချမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်ကိုလည်း ဆက်လက် ရောင်းချသွားဦးမှာပါလို့လည်း သူက ပြောပါတယ်။

play

 

ခုတော့ သူတို့သစ်သီးတွေကို လာရောက်ရောင်းချဖို့ အခြားကျောင်းတွေကပါ ကမ်းလှမ်းနေကြပါပြီ။ ကလေးတွေရော မိဘတွေပါ နှစ်သက်ကြတဲ့ သစ်သီးသည်လေးတွေ ကိုယ့်ပတ်ဝန်းကို ရောက်လာမယ့်အချိန်ကို စောင့်မျှော်ရတော့မှာပါ။

Photo : Win Htike Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ