Lifestyle: မြောက်ကိုရီးယားမှာ ကင်ဂျုံအန်ဆံပင်ပုံစံသာ ညှပ်ရမယ်လို့ အမိန့်ထုတ်ထား

အထူးသဖြင့် အမျိုးသားလူငယ်တွေအားလုံး ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံကိုသာ ညှပ်ရမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

play

 

ထူးထူးဆန်းဆန်းတွေ မကြာခဏ လုပ်ပြန်တက်တဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေဟာ အခုလည်း ထူးဆန်းတဲ့ အမိန့်တစ်ခုကို ထုတ်ထားတယ်လို့ သိရပါတယ်။။ မြောက်ကိုရီးယားမှာ အမျိုးသားတွေ ဆံပင်ညှပ်တော့မယ်ဆိုရင်  ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံအတိုင်းသာ ညှပ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

play

 

တောင်ကိုရီးယားသတင်းစာ Chosun Ilbo ရဲု့ ဖော်ပြထားမှုအရ အခု မြောက်ကိုရီးယားမှာ ဆံပင်ညှပ်မယ်ဆိုရင် ၂ စင်တီမီတာထပ် ပိုပြီးရှည်လို့ မရဘူးလို့ ဆိုပါတယ်။ သဘောကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဆံပင်စတိုင်လိုပဲ ဦးခေါင်းအနောက်နဲ့ နားတစ်ဝိုက် အပြောင်ညှပ်ပြီး အရှေ့ပိုင်းမှာသာ ဆံပင်ထားခဲ့တဲ့ ပုံကိုသာ ညှပ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

play

 

မြောက်ကိုရီးယားလူငယ်တွေက သူတို့ခေါင်းဆောင်ဇနီးမောင်နှံရဲ့ ဆံပင်ပုံစံသာ ညှပ်ရတော့မှာပါ

အထူးသဖြင့် လူငယ်တွေအားလုံး ကင်ဂျုံအန်ဆံပင်ပုံစံသာ ညှပ်ရမယ်လို့ ညွှန်ကြားထားတာဖြစ်ပြီး အလုပ်သမားပါတီ နှစ်ပတ်လည်တွေ့ဆုံပွဲအတွက် ရည်ရွယ်ထားတာလို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ ငယ်ရွယ်သူ အမျိုးသမီးတွေလည်း ကင်ဂျုံအန်ရဲ့ဇနီးဖြစ်သူ ဆံပင်ပုံဆံသာ ညှပ်ကြရမယ်လို့ ညွှန်ကြားထား ပါတယ်။

Source : www.telegraph.co.uk

Photos : AFP, telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ