AD
AD
AD
play

 

ကေတုမတီ တောင်ငူမြို့ မြို့တည် နန်းတည် ၅၀၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရာဇာဝင်းခင်းသဘင်ကို နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။

play

 

အဲ့ဒီပွဲမှာ အနုပညာရှင်တွေနဲ့ တောင်ငူဒေသခံတွေ ပူးပေါင်းပြီး တောင်ငူခေတ် ယဉ်ကျေးမှုထီးနန်းရိုးရာအတိုင်း ရာဇာဝင်းခင်းခဲ့သလို၊ တောင်ငူမြို့တည်ဘုရင် မင်းကြီးညိုရဲ့ မင်းလုပ်အုပ်ချုပ်မှု သရုပ်ပြပွဲ၊ စစ်အောင်ပွဲ သဘင်တို့ကို ကျင်းပခဲ့ပါတယ်။ သရုပ်ဆောင် ပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ မိုက်ခရိုမာရသွန် ပြိုင်ပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူဘုရား ဗုဒ္ဒဝင်ပြိုင်ပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။

တောင်ငူမြို့တည် နှစ် ၅၀၀ ပြည့်တဲ့ ၂၀၀၀ ခုနှစ်ကစပြီး မြို့သားတွေဟာ မြို့တည်နန်းတည်အထိမ်းအမှတ် ပွဲကို  နှစ်စဉ် ကျင်းပခဲ့ကြပြီး ယခုအကြိမ်က ၆ ကြိမ်မြောက် ဖြစ်ပါတယ်။

Photo : တောင်ငူသတင်းပုံရိပ်များ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD