AD
AD
AD
play

 

Facebook တည်ထောင်သူ မာ့ခ် ဇူကာဘတ်ဂ်က ကျေးဇူးတော်နေ့ အထိမ်းအမှတ် မိသားစုဓာတ်ပုံကို သူ့ရဲ့ Facebook မှာ လွှင့်တင်ခဲ့ပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးဖြစ်သူ ပရီစ်စီလာ၊ မိဘတွေဖြစ်တဲ့ ကာရင်နဲ့အက်ဒ်ဝပ်၊ ညီမဖြစ်သူ အာရီလီတို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဇူကာဘတ်ဂ်က သူတို့ဇနီးမောင်နှံဟာ ကျေးဇူးတော်နေ့နဲ့ အားလပ်ရက်ကာလအတွက် ကြီးကျယ်ခမ်းနားမှု အများအပြား တွေ့ကြုံရကြောင်း၊ မိသားစုဟာ သူတို့ရဲ့ ထိပ်ဆုံးနေရာမှာရှိကြောင်း ရေးသားထားပါတယ်။

play

 

ဒီနှစ်ဟာ သူတို့ရဲ့ မိသားစုလေးအတွက် ကြီးကျယ်တဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်းနဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေကြောင်းလည်း ဓာတ်ပုံစာညွှန်းအဖြစ် ဇူကာဘတ်ဂ်က ရေးသားထားခဲ့ပါတယ်။ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ဇူကာဘတ်ဂ် လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံကို အောက်တိုဘာလအတွင်းက ဓာတ်ပုံဆရာ အန်နီ လီဘိုဝစ်ဇ်က ရိုက်ကူးခဲ့တာပါ။

play

 

ဇူကာဘတ်ဂ်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ပထမဆုံးကလေးအဖြစ် သမီးလေးတစ်ဦး ရရှိတော့မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကြေညာခဲ့ပါတယ်။

Source : www.dailymail.co.uk

Photo : Mar, Daily Mailk Zuckerberg Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD