Lifestyle: အေးချမ်းတဲ့ ရာသီမှာ နွေးထွေးစွာ အိပ်စက်နိုင်မယ့် ဝက်ဝံအရုပ်အိတ်

play

 

အရမ်းအေးလို့ စောင်တွေလုံအောင်ခြုံပြီး အိပ်လည်း မလုံလောက်ဘူးလို့ထင်ခဲ့ရင် အမွှေးပွ ဝက်ဝံအရုပ်အိတ်ကြီးထဲမှာ ဝင်အိပ်မယ်ဆိုရင်တော့ ပိုပြီး လုံခြုံနွေးထွေး အဆင်ပြေမှာပါ။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ ဒီဇိုင်နာ အီကို အစ်ရှီဇဝါ တီထွင်ဖန်တီးလိုက်တဲ့ ဇစ်ဖြင့် အဖွင့်အပိတ်လုပ်လို့ရပြီး အထဲမှာ ဝင်အိပ်လို့ရတဲ့ ဝက်ဝံအရုပ်အိတ်ကြီး ဖြစ်ပါတယ်။

၆ ပေခွဲကျော်ရှည်ပြီး ဇိမ်ကျကျ ဝင်အိပ်လို့ရတဲ့ ဝက်ဝံအရုပ်အိတ်ကြီးရဲ့ တန်ဖိုးက ပေါင်စတာလင် ၁,၅၀၀ ဝန်းကျင်လို့ ဆိုပါတယ်။ အီကိုက ဘရူနိုအမည်ရှိ ဂျာမန်ဝက်ဝံကြီးတစ်ကောင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကြားသိခဲ့ရပြီးနောက် အခုလို ဝင်အိပ်လို့ရတဲ့ ဝက်ဝံအရုပ်အိတ်ကြီး တီထွင်ဖန်တီးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

play

 

ဝက်ဝံကြီးဟာ ဂျာမနီနယ်စပ် ဘာဗာရီယာပြည်နယ် တောင်တန်းတွေမှာ လှည့်လည်သွားလာနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနေဒေသတွေဆီကို ချဉ်းနင်း ဝင်ရောက်မှုရှိခဲ့တာကြောင့် အစိုးရနဲ့ ပြည်သူတွေကြားမှာ ဘရူနိုဝက်ဝံကြီးကို ဘယ်လိုလုပ်မလဲဆိုတာ အကြီးအကျယ် ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဝက်ဝံကြီးကို လိုက်လံရှာဖွေပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ လူတစ်ယောက် ဝင်အိပ်လို့ရတဲ့ ဝက်ဝံအရုပ်အိတ်ကြီးအကြောင်း ၂၀၀၉ ခုနှစ်က အင်တာနက်မှာ စတင် ထွက်ပေါ်ခဲ့ဖူးပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ