play

 

ရုရှားသမ္မတင်ပူတင်ဟာ ကမ္ဘာ့အငြင်းပွားဖွယ် နိုင်ငံ့ခေါင်းဆောင်တွေထဲက တစ်ဦးပါ။ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် ရုရှားသမ္မတဖြစ်လာပြီးကတည်းက ပူတင်အပေါ် နှစ်သက်သူတွေရှိသလို မနှစ်သက်သူတွေလည်း များလှပါတယ်။

ပူတင်ဟာ လူကြိုက်များသည်ဖြစ်စေ လူမုန်းများသည် ဖြစ်စေ သူခေါင်းဆောင်ဖြစ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ရုရှားကို ကမ္ဘာ့နိုင်ငံတွေအကြား ပိုပြီးအင်အားတောင့်တင်းလာအောင် စွမ်းဆောင် ပြနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သံတမန်ရေးရာ မဆန်တဲ့ သူ့ရဲ့စကားတွေကြောင့် ဝေဖန်မှု ခံရလေ့ ရှိပေမယ့် ပူတင်ကတော့ စကားကို အခုထိတိုင် ဒီအတိုင်းသာ ပြောတက်လေ့ရှိသူပါ။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပူပူနွေးနွေးဖြစ်ထားတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ လေယာဉ်ဆီးရီးယားနယ်စပ်မှာ ပစ်ချခံလိုက်ရမှုကြောင့် တူရကီဟာ ရုရှားနောက်ကျောကို ဓားနဲ့ထိုးလိုက်လို့ ပူတင်ပြောခဲ့တဲ့ စကားက ရေပန်းစားခဲ့ပါသေးတယ်။ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ဝင်ရောက်တိုက်ခိုက်မှုမှာလည်း ပြီးခဲ့တဲ့ လပိုင်းကတင် ရုရှားက ပါဝင်ခဲ့ကာ ကမ္ဘာ့ရေးရာမှာ ရုရှားရဲ့ အရေးပါမှုကို ပူတင်က ပြသခဲ့ပြီးပါပြီ။

play

 

သမ္မတတစ်ဦးဖြစ်ပေမယ့် အပျော်တမ်းမြင်းစီးတာမျိုး၊ ဂျူဒိုကစားတာမျိုး တွေအပြင် လူတွေစိတ်ဝင်စားတဲ့ ကိစ္စရပ်တွေမှာ  ပါဝင်လေ့ရှိတာကြောင့် ပူတင်ဟာ နားလည်ရခက်သူအဖြစ် နာမည်ကျော်ပါတယ်။ ဘယ်လို အပြုအမူတွေကြောင့် နာမည်ကျော်ရလဲဆိုတာ အောက်ပါဗီဒီယိုလင်ခ်မှာ ပူတင်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်နိုင်ပါတယ်။

Source : www.theguardian.co.uk

Photos : Reuters, Getty Images.

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video