Lifestyle: ချစ်သူကို ဆွဲဆောင်နိုင်တဲ့ အချက် (၅) ချက်

လှပတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ အချက်အပြုတ် ကျွမ်းကျင်မှုအပြင် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ ကြိတ်သဘောကျတဲ့ အရာတွေ အများကြီးရှိပါတယ်။ အခု ဖော်ပြမယ့် အချက် (၅) ချက်က အမျိုးသားတွေ လုံးဝသဘောကျတာ သေချာတဲ့ အချက်တွေပါပဲ။

၁။ အိနြေ္ဒမပျက် သောက်နိုင်တဲ့ မိန်းကလေး

play

 

သင်က ဗော်ကာလေး နှစ်ငုံစာလောက်ကို ရှုံ့မဲ့မြိုချပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်တတ်တဲ့သူမျိုး မဟုတ်တာကို သင့်ချစ်သူ သဘောကျတယ်ဆိုတာ သင်သိချင်မှ သိမှာပါ။  သောက်ပြီးတာတောင် အိနြေ္ဒမပျက် ရပ်တည်နိုင်တဲ့ အတွက် သင်က သူ့အတွက် ဆွဲဆောင်မှု ရှိနေပါသေးတယ်။

၂။ ကိုယ့်အသားအရေပေါ် ယုံကြည်မှုရှိတဲ့သူ

play

 

အမျိုးသမီးတွေက ကိုယ့်ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစားတွေနဲ့ အမြဲလိုလို ပြဿနာရှိနေတတ်ပေမယ့် ကိုယ့်အသားအရေ ပေါ်မှာ ကျေနပ် ရောင့်ရဲနိုင်ပြီး ကိုယ့်ရဲ့ အသုံးမကျမှုတွေကို ရယ်နိုင်တယ်ဆိုရင် သင့်ချစ်သူက သင့်ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ။ ဘယ်သူက တချိန်လုံး ကိုယ့်ပုံစံကိုယ် မကျေနပ်နိုင်ဘဲ ညည်းညူနေသူနဲ့ အတူနေချင်မှာလဲ။

၃။ မိတ်ကပ် မလိမ်းတဲ့ မိန်းကလေး

play

 

အပြင်ထွက်ရင် မိတ်ကပ်မလိမ်းတဲ့ မိန်းကလေးက တော်တော်ရှားပါတယ်။ အမျိုးသားတွေက မိတ်ကပ်မလိမ်းဘဲ ရဲရဲဝံ့ဝံ့ လူကြားထဲမှာ လမ်းလျှောက်ရဲတဲ့ အမျိုးသမီးတွေကို နှစ်သက်ပါတယ်။

 

၎။  ရည်မှန်းချက်တွေအကြောင်း ပြောတတ်တဲ့ မိန်းကလေး

play

 

ကိုယ့်ရည်မှန်းချက်က ကိုယ်ပိုင်အင်ပါယာကြီးတစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ဖြစ်၊ ဆင်းရဲမွဲတေမှုကို ပပျောက်စေဖို့ပဲ ဖြစ်ဖြစ် ဖြစ်နိုင်တာ မဖြစ်နိုင်တာ၊ သေးတာကြီးတာ ပဓာန မဟုတ်ပါဘူး။ ယောက်ျားတစ်ယောက်က သူ့ရဲ့ချစ်သူ အနာဂတ် အစီအစဉ် အကြောင်း ပြောတဲ့အခါ စူးစူးစိုက်စိုက် နားထောင်ပါလိမ့်မယ်။ ရည်မှန်းချက်တွေအပေါ် စိတ်အားထက်သန်နေတဲ့ မိန်းကလေးကို ကြည့်ရတာ သူတို့အတွက် အရမ်းကို ဆွဲဆောင်မှုရှိပါသတဲ့။

 

၅။ သူတို့အဝတ်အစားကို ဝတ်ထားတဲ့အခါ

play

 

ဒါက တကယ်ပါ။ ကိုယ်နဲ့ အတော်ကို ကြီးနေတဲ့ သူတို့ အဝတ်အစားကို သင့်ကိုယ်ပေါ်မှာ မြင်ရတာကို သူတို့ သဘောကျပါတယ်။ သူတို့အတွက် ဆွဲဆောင်မှုရှိရုံတင်မကဘူး အရမ်းလည်း ချစ်စရာကောင်းနေပါတယ်တဲ့။

Source : timesofindia.indiatimes.com

Photos : Internet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ