၁။ ပိတ်ရက်တွေမှာတောင် အပြင်မထွက်နိုင်ဘူး။ အိမ်အလုပ်တွေလုပ်ရမယ်၊ အဝတ်တွေလျှော်ရမယ်လို့ တွေးတတ်နေပြီ။
၂။ အပြင်ထွက်တော့လည်း သန်းခေါင်ယံ ၁၂ နာရီထိုးတာနဲ့ ဘယ်ရောက်ရောက် ငိုက်မြည်းနေပြီ။
၃။ အကောင်းဆုံး ပိတ်ရက်တွေက အိမ်မှာ ချက်ပြုတ်စားသောက်ချိန်ပဲလို့ တွေးနေပြီ။
၎။ သူငယ်ချင်းတွေက စိတ်ခံစားချက်ကို ဖော်ပြဖို့အတွက် ပုံအသစ်အဆန်းတွေ သုံးဖို့ ကြိုးပမ်းနေကြချိန်မှာ ကိုယ်က :) ကိုပဲ သုံးနေမိတယ်။
၅။ iPod ကို နေ့စဉ်ကစားရတဲ့ အရုပ်တစ်ရုပ်လို့ပဲ တွေးနေမိတုန်း။
၆။ Download လုပ်တာမျိုးလို နည်းပညာဆိုင်ရာတွေကို ဘယ်လိုလုပ်ရမယ်မှန်း မသိဘဲ သူများအကူအညီ လိုအပ်လာပြီ။
၇။ ၉ နာရီ မထိုးခင်ပြတဲ့ ရုပ်ရှင်ပွဲတွေကိုပဲ ကြည့်ချင်တော့တယ်။
၈။ မွေးနေ့တို့ ခရစ္စမတ်တို့လို နေ့မျိုးတွေအတွက် လက်ဆောင်ကို အိမ်သုံး၊ မီးဖိုချောင်သုံး ပစ္စည်းတွေပဲ ပေးဖို့ တောင်းဆိုလာပြီ။
၉။ မီးဖိုချောင်နဲ့ ရေချိုးခန်းကို သေချာ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ တစ်စိမ့်စိမ့်နဲ့ ကျေနပ်နေတတ်ပြီ။
၁၀။ မုန့်တွေကို စားရုံတင်မဟုတ်ဘဲ ကိုယ်တိုင် လုပ်ရတာကို နှစ်ခြိုက်လာပြီ။
၁၁။ အရင်တုန်းကလို ဒေါက်မြင့်တွေ စီးရတာမကြိုက်ဘဲ အရမ်းသက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်ပါးတစ်ရံကိုပဲ အမြဲစီးချင်နေမိပြီ။
၁၂။ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ သီချင်းသစ်တွေကို ဘယ်လိုမှ ကောင်းတယ်လို့ မထင်ဘဲ စိတ်ပျက်နေတယ်။
၁၃။ ဘယ်တေးဂီတအဖွဲ့သစ်တွေက ကောင်းတယ်ဆိုတာ မသိတော့ဘူး။
၁၄။ ပွဲလမ်းတွေထက် အိပ်ယာထဲမှာ နေရတာကို ပိုပြီး နှစ်သက်နေပြီ။
၁၅။ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ရတာလောက် သာယာကြည်နူးစရာကောင်းတာ မရှိတော့ဘူးလို့ ထင်နေမိပြီ။
Source : www.buzzfeed.com
Photos : Internet