Lifestyle: တောရိုင်းတိရစ္ဆာန်လေးတွေက လူတွေထက် ပိုပျော်ကြသလား

၂၀၁၅ ခုနှစ်ရဲ့ Comedy Wildlife ဓာတ်ပုံပြိုင်ပွဲမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် တောရိုင်းတိရစ္ဆာန်တွေဟာ လူတွေထက်တောင် ပိုပြီး ရယ်မောပျော်ရွှင်နေကြတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ သူတို့ တကယ်ရယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ တိရစ္ဆာန်လေးတွေရဲ့ လျှပ်တပြက်လှုပ်ရှားမှုတွေကို ဓာတ်ပုံဆရာတွေက ရိုက်ကူးထားတာဖြစ်ပြီး ကြည့်လိုက်ရင်တော့ သူတို့ဟာ ပျော်ရွှင်ရယ်မောနေကြသယောင် ခံစားမိတာ အမှန်ပါပဲ။ တောတွင်း ရယ်စရာ ဓာတ်ပုံပြိုင်ပွဲ နောက်ဆုံးအဆင့်က ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

play

 

ဒီဖျံကိုကြည့်ရတာ အရမ်း ရယ်လွန်းလို့ ဗိုက်ကြောတွေတောင် အောင့်လာလို့ ဖိနှိပ်ထားရတယ်နဲ့ တူပါတယ်။

play

 

အခွံနွှာထားပြီးသား ငှက်ပျောသီးကိုကိုင်ရင်း သူကြည့်နေပုံက လှောင်သလိုလိုပါပဲ။ သူ့ကြည့်ရတာ သူ့ငှက်ပျောသီးကို အရမ်းကြွေနေပုံပါ။

play

 

ဒီဘဲကလေးက အနားကပ်လာရင် အားပါးတရ ကန်ထုတ်မယ့်အသွင်နဲ့ပါ

play

 

တောင်ဆိတ်လေးရဲ့ သဏ္ဍန်က အတော်သဘောကျနေတယ်နဲ့ တူပါရဲ့။

play

 

အံ့သြစရာပါပဲ။ သူက ဘာကို မကျေမနပ်ဖြစ်ပြီး လက်ခလယ်ထောင်ပြနေတာပါလိမ့်။ ဒါဟာ ဘာအဓိပ္ပာယ်မှန်းလည်း သူသိပုံရပါတယ်။

play

 

သူ့ဆံပင်ကေအလန်းကို တခြား ဘယ်ဘဲကမှ မရဖူးဘူးဆိုတာ သေချာပါတယ်။

play

 

ဒါကတော့ ဆုရသွားတဲ့ ဓာတ်ပုံပါ။ တစ်နေရာရာကို အလျင်စလို ပြေးသွားနေတဲ့ သူ့ရဲ့ဟန်လေးက အသဲယားစရာ ကောင်းနေတာကို ဓာတ်ပုံဆရာ ဂျူလီယန် ရဒ်က အမိအရ ရိုက်ယူပြီး တောတွင်း ရယ်စရာ ဓာတ်ပုံပြိုင်ပွဲရဲ့ ဆုကို ဆွတ်ခူးသွားပါတယ်။

Source & Photo : www.edition.cnn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ