Lifestyle: အိပ်စက်ခြင်းကို နှောင့်ယှက်မယ့် အစားအစာတွေ

ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိဖို့ စားသုံးသင့်တယ်ဆိုပေမယ့် ဒီအစားအစာတွေကိုတော့ ညနေ ၄ နာရီနောက်ပိုင်းမှာ မစားတာကောင်းပါတယ်။

ကျန်းမာရေးနဲ့ သင့်လျော်တယ်လို့ သိထားပြီး မကြာခဏ စားသုံးနေကြတဲ့ အစားအစာကောင်းတွေဟာ တစ်ခါတစ်လေမှာတော့ အနှောင့်အယှက် ပေးတတ်ပါသေးတယ်။ ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိဖို့ စားသုံးသင့်တယ်ဆိုပေမယ့် ဒီအစားအစာတွေကိုတော့ ညနေ ၄ နာရီနောက်ပိုင်းမှာ မစားတာကောင်းပါတယ်။ သင် လွယ်လွယ်ကူကူ အိပ်ပျော်ချင်တယ် ဆိုရင်ပေါ့။

၁။ ပန်းဂေါ်ဖီ

play

 

ပန်းဂေါ်ဖီ အစိမ်း (ဘရိုကိုလီ)ရော ရိုးရိုး ပန်းဂေါ်ဖီမှာပါ ကင်ဆာကာကွယ်နိုင်စွမ်းတွေ ရှိနေတာ သိပြီးသားပါ။ ဒါပေမဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝနေခြင်းရဲ့ နောက်ကွယ်မှာ အစာခြေဖျက်ချိန် ကြာနေခြင်းလည်း ရှိနေလို့ အစာကြေဖို့ မလွယ်ကူတဲ့ ပန်းဂေါ်ဖီကို ညဘက် မစားသင့်ပါဘူး။

၂။ အနက်ရောင် ချောကလက်

play

 

နှလုံးကို ကျန်းမာစေပြီး ဦးနှောက်ကို တက်ကြွစေတဲ့ ချောကလက် အနက်ရောင်ကြောင့်ပဲ သင့်ဦးနှောက်နဲ့ အာရုံကြောတွေကို လန်းဆန်းနေလို့ အိပ်မရ ဖြစ်တတ်ပါတယ်။

၃။ အနီရောင် အသား

play

 

အနီရောင် အသားတွေကလည်း အစာချေဖျက်ဖို့ ကြာတတ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ Steak နဲ့ ဟမ်ဘာဂါကို ညစာအနေနဲ့ စားခဲ့တဲ့ ညတွေဟာ အိပ်ပျော်ဖို့ အချိန်ကြာတတ်တဲ့ ညတွေပါပဲ။

Photo : www.peerfit.com,www.popsugar.com, www.livestrong.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ