Lifestyle: ကျပ်သန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော် ကုန်ကျတဲ့ မင်္ဂလာပွဲ

ဧည့်သည်တွေကို ဖလောရင့်စ်မြို့မှာရှိတဲ့ အကောင်းဆုံး ဟိုတယ်တွေမှာ တည်းခိုနေထိုင်စေပါတယ်။

play

 

အိန္ဒိယမီလျံနာတစ်ဦးက သားဖြစ်သူရဲ့ မင်္ဂလာဆောင်ကို အီတလီနိုင်ငံ ဖလောရင့်စ်မြို့မှာ မြန်မာငွေ ကျပ်သန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော် (ပေါင်စတာလင် ၁၄ သန်း) အထိ အကုန်အကျခံပြီး တစ်ခမ်းတစ်နား ကျင်းပခဲ့တာကြောင့် ပြောစမှတ်ဖြစ်နေပါတယ်။

play

 

အိန္ဒိယမီလျံနာ ရိုဂက်ရှ် မီဟ်တာက သူ့ရဲ့သားဖြစ်သူ ရိုဟန် မီဟ်တာရဲ့ မင်္ဂလာပွဲကို အခုလို ငွေကြေးအလွန်အကျွံ အကုန်အကျခံ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ဧည့်ပရိသတ် ၅၀၀ ခန့်ကို မင်္ဂလာပွဲကျင်းရာ အီတလီနိုင်ငံ ဖလောရင့်စ်မြို့ကို ခေါ်ဆောင်ပြီး မင်္ဂလာပွဲတက်ရောက်နိုင်အောင် စီစဉ်ပေးပါတယ်။

play

 

ဧည့်သည်တွေကို ဖလောရင့်စ်မြို့မှာရှိတဲ့ အကောင်းဆုံး ဟိုတယ်တွေမှာ တည်းခိုနေထိုင်စေပါတယ်။ ရိုဟန် မီဟ်တာက အိန္ဒိယမီလျံနာ ရိုဂက်ရှ် မီဟ်တာရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။

ရိုဂက်စ် မီဟ်တာဟာ ၁၉၉၅ ခုနှစ်က ဒူဘိုင်းမှာ Petrochem အမည်ဖြင့် ရေနံနဲ့ ဓာတုဗေဒဆိုင်ရာ ကုမ္ပဏီအုပ်စုကြီးကို စတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ