Lifestyle: မွန်ပြည်နယ်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာ (၅) ခု

မြို့ပြကို မွန်းကြပ်လာပေမယ့် ဝေးဝေးလံလံသွားဖို့ အဆင်မပြေဘူးဆိုရင်တော့ မွန်ပြည်နယ်က အကောင်းဆုံးလည်ပတ်စရာနေရာပါပဲ။

မကြာခင် ခရစ္စမတ်ကာလကို ရောက်ရှိပါတော့မယ်။ ကျောင်းတက်နေသူတွေကလည်း ကျောင်းပိတ်ရက်တွေ ရရှိချိန်ဖြစ်သလို တစ်နှစ်ပတ်လုံး အလုပ်များနေခဲ့သူတွေကလည်း ခရစ္စမတ်ကာလမှာ ခရီးသွားဖို့ ပြင်ဆင်နေကြမှာပါ။ ရန်ကုန်ရဲ့ မြို့ပြအငွေ့အသက်တွေနဲ့ ကင်းလွတ်နေပြီး တစ်မျိုးတစ်ဖုံ တိုးတက်နေတဲ့ မွန်ပြည်နယ်ရဲ့ လည်ပတ်ဖို့ အကောင်းဆုံး နေရာတွေကို ဖော်ပြလိုက်ပါတယ်။

ကျိုက်ထီးရိုး

play

 

တန်ခိုးကြီးမားတဲ့ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို သွားရောက်ဖို့ အချိန်ကောင်းပါပဲ။ တောင်ခြေကနေ တောင်ပေါင်းများစွာကို ခြေလျင်တက်နိုင်သလို တောင်တက်ကားတွေလည်း ရှိပါတယ်။ ရွှေရောင်ဝင်းလက်နေတဲ့ စေတီတော်ကြီးကို ဖူးမျှော်ရင်း မြူတွေဆိုင်းနေတဲ့ ပတ်ဝန်းကျင်အလှက သာယာလွန်းတာကြောင့် ခုချိန်ဟာ ကျိုက်ထီးရိုးသွားဖို့ အသင့်လျော်ဆုံးပါပဲ။

မော်လမြိုင်

play

 

ကျိုက်ထီးရိုးသွားရာ လမ်းမှာတင်ပဲ ရှိနေပြီး ကျိုက်သလ္လံ စေတီကို ဖူးမျှော်နိုင်ပါတယ်။ ကျိုက်သလ္လံစေတီပေါ်ကနေ ကြည့်လိုက်မယ်ဆို ဘီလူးကျွန်းကို လှမ်းမြင်နေရပြီး ဘားအံက တောင်တွေကိုလည်း ငေးမောလို့ရပါသေးတယ်။ ဒါ့အပြင် မော်လမြိုင် view point ကနေ ညနေခင်း ဆည်းဆာကို ကြည့်ရှုလို့လည်း ရပါတယ်။

ဝင်းစိန်တောရကျောင်း

play

 

မုဒုံလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ဝင်းစိန်တောရ ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကြီးမားတဲ့ အတောင် ၂၀၀ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး ရှိတာမို့ ဖူးမျှော်ကြည်ညိုနိုင်ပါတယ်။ လျောင်းတော်မူ ရုပ်ပွားတော်ကြီးရဲ့ အထဲမှာတော့ ဗုဒ္ဓဝင် ပြခန်းတွေ ရှိပါတယ်။

စက်စဲကမ်းခြေ

play

 

ချောင်းသာနဲ့ ငွေဆောင်ကို သွားရတာ ငြီးငွေ့နေသူတွေအဖို့ စက်စဲကမ်းခြေက နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အခြား ကမ်းခြေတွေနဲ့ မတူတဲ့အချက်က သန့်ရှင်းအေးချမ်းတာပါ။ ဒါပေမဲ့ ရေကတော့ ကြည်လင်မနေပါဘူး။

ကျိုက်ခမီရေလယ်ဘုရား

play

 

ကျိုက်ခမီ ရေလယ်ဘုရားဟာ နာမည်ကျော် တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါတယ်။ ဒေသခံတွေ အမြဲတမ်း သွားရောက်ကြပြီး အခြားဒေသကလူတွေလည်း မကြာခဏ လာရောက်ကြပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ ကမ်းစပ်နားမှာရှိနေပေမယ့် ရေဘယ်လောက်တက်တက် ဘုရားရဲ့ ရင်ပြင်ကို ရေမလွှမ်းတာဟာ ဘုရားရဲ့ တန်ခိုးတော်ကြောင့် ဖြစ်နိုင်ပါတယ်။

Photo : Su, www.shwedarling.com, www.myanmarcherry.blogspot.com, www.memory.blogspot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ