AD
AD
AD
play

 

တရုတ်နိုင်ငံက ပန်ဒါကြီး ဘာစီဟာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ အသက် ၃၅ နှစ် ပြည့်ခဲ့ပါတယ်။

play

 

သူမရဲ့ မွေးနေ့ပွဲကို တရုတ်နိုင်ငံ၊ ဖူကျင်းပြည်နယ်က ဖူကျိုးမြို့မှာ ကျင်းပခဲ့ပါတယ်။ ပန်ဒါတစ်ကောင်ရဲ့ ၃၅ နှစ်ဟာ လူ့သက်တမ်း နှစ် ၁၀၀ ကျော်တာကြောင့် ဘာစီဟာ အိုမင်းနေတဲ့ ပန်ဒါမကြီး ဖြစ်နေပါပြီ။ ဘာစီဟာ ၁၉၉၀ ခုနှစ် ဘေဂျင်း အာရှ အားကစားပွဲမှာ လာဘ်ကောင်အဖြစ်လည်း ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ၁၉၈၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဆန်ဒေးဂိုးတိရစ္ဆာန်ရုံမှာ ၆ လ နေထိုင်ခဲ့ရင်း တိရစ္ဆာန်ရုံအတွက် ဝင်ငွေပိုရရှိအောင် စွမ်းဆောင်ခဲ့ပါသေးတယ်။

play

 

ဘာစီရဲ့ မွေးနေ့ပွဲမှာ သူမကို မွေးနေ့ကိတ်တွေ၊ ရောင်စုံပန်းချီကားတွေနဲ့ လက်ဆောင်ပစ္စည်းအရုပ်တွေ ပေးခဲ့ပါသေးတယ်။ ပျမ်းမျှသက်တမ်း ၁၅ နှစ်သာရှိတဲ့ ပန်ဒါမျိုးနွယ်ထဲမှာတော့ ဘာစီဆိုတဲ့ သက်တော်ရှည် ပန်ဒါကြီးတစ်ကောင် ဖြစ်ပါတယ်။

Source : www.ibtimes.co.uk

Photo : www.news.cn

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD