Lifestyle: နွားနို့ နေ့စဉ် သောက်သုံးခြင်း၏ အကျိုးကျေးဇူး (၄) မျိုး

, updated

ကျန်းမာပြီး အာဟာရပြည့်တဲ့အပြင် အရသာလည်းရှိတဲ့ နွားနို့က အသက်အရွယ်မရွေး သောက်သုံးသင့်တဲ့အရာပါ။

play

 

နွားနို့မှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပြီး နေ့စဉ် သောက်သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ နွားနို့ကို နေ့စဉ် တစ်နေ့တစ်ခွက် သောက်ပေးရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။

၁။ အာဟာရကြွယ်ဝခြင်း

နွားနို့မှာ လူ့ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေ အများကြီး ပါဝင်ပါတယ်။ ကယ်လ်ဆီယံကြောင့် ကိုယ်ခန္ဓာကြွက်သားတွေ ဖွံ့ဖြိုးလာပြီး အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေကာ အရပ်ရှည်စေနိုင်ပါတယ်။

၂။ အသားအရည် တောက်ပခြင်း

နေ့စဉ် အပြင်ထွက်နေရလို့ အသားအရည်ဟာ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်ပြီး မွဲခြောက်လာပါတယ်။ နွားနို့သောက်တဲ့အခါ လက်တစ်အက်ဆစ်နဲ့ အမိုင်နိုအက်ဆစ်ကြောင့် အသားအရည်ပျက်စီးခြင်းက ကာကွယ်ပြီး အသားအရည်ကို တောက်ပစေပါတယ်။

play

 

၃။ အရိုးသန်မာခြင်း

အရိုးသန်မာဖို့ လိုအပ်တဲ့ ကယ်လ်ဆီယံတွေ နွားနို့မှာ ပါဝင်ပါတယ်။

၎။ အိပ်ပျော်စေခြင်း

အိပ်ယာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက် သောက်ပေးတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Source : www.lifehacker.co.in

Photo : www.lifehacker.co.in,www.livestrong.com,www.care2.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ