Lifestyle: လူငယ်များ ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေး လုပ်အားပေး

ပရဟိတ လူငယ်များက ဆေးရုံအတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက်က ရန်ကုန် အထွေထွေဆေးရုံကြီး၌ ပရဟိတ လူငယ်များအဖွဲ့ သန့်ရှင်းရေး လုပ်အားပေးခဲ့သည်ဟု သိရသည်။

 

အများပြည်သူကောင်းမှု အမည်ရှိ ပရဟိတလူငယ်များအဖွဲ့ ဆေးရုံ သန့်ရှင်းရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ဦးရေ ၅၀ ခန့် ပါဝင်သော ယင်းအဖွဲ့သည် ဆေးရုံအတွင်းရှိ လက်ဆေးကန်၊ အိမ်သာများအား တိုက်ချွတ် ဆေးကြောခဲ့ကြသည်။

 

ယင်းအပြင် ဆေးရုံဝင်းအတွင်း၌လည်း အမှိုက်ကောက်ခြင်းများ ပြုလုပ်ပေးခဲ့ကြသည်ဟု သိရသည်။

Source & Photo : 7Day News Journal Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ