Lifestyle: ကာတွန်းဇာတ်ကောင် မင်းသမီးနဲ့တူချင်လို့ ၁၅ ကြိမ်တိုင် ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသမီး

, updated

အသက် ၂၅ နှစ်အရွယ် ပစ်ဇီဖောက်စ် အမည်ရှိ အမျိုးသမီးက ကာတွန်းဇာတ်ကောင် မင်းသမီး ဂျက်ဆီကာ ရက်ဘစ်တ်နဲ့ ပုံစံတူချင်တာကြောင့် ခွဲစိတ်ကုသမှု ၁၅ ကြိမ် ခံယူခဲ့ပါတယ်။

play

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်မှ အမျိုးသမီးတစ်ဦးရဲ့ ကာတွန်းဇာတ်ကောင်အပေါ် ရူးသွပ်မှုက အံ့အားသင့်စရာ ကောင်းလှပါတယ်။ အသက် ၂၅ နှစ်အရွယ် ပစ်ဇီဖောက်စ် အမည်ရှိ အမျိုးသမီးက ကာတွန်းဇာတ်ကောင် မင်းသမီး ဂျက်ဆီကာ ရက်ဘစ်တ်နဲ့ ပုံစံတူချင်တာကြောင့် ခွဲစိတ်ကုသမှု ၁၅ ကြိမ် ခံယူခဲ့ပါတယ်။

play

 

ပစ်ဇီဖောက်စ်က သူမရဲ့ နံရိုး ၆ ချောင်းကို ဖယ်ရှားပစ်မှု အပါအဝင် ခွဲစိတ်ကုသပြုပြင်မှုတွေ ခံယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၉,၂၀၀ ကျော် ကုန်ကျခဲ့ပါတယ်။ အခုအခါမှာတော့ ပစ်ဇီဖောက်စ်ရဲ့ ခါးအရွယ်အစားက စံချိန်တင် သေးသွယ်ကျစ်လစ်သွားပြီး ၁၄ လက်မပတ်လည် အရွယ်မျှသာရှိတဲ့ ကာတွန်းဇာတ်ကောင် မင်းသမီး ဂျက်ဆီကာ ရက်ဘစ်တ်ပုံစံ ဖြစ်သွားပါပြီ။

play

 

ကာတွန်းဇာတ်ကောင်း မင်းသမီး ဂျက်ဆီကာ ရက်ဘစ်တ်ဟာ ၁၉၈၈ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Who Framed Roger Rabbit ရုပ်ရှင်ဇာတ်ကားနဲ့အတူ ထင်ပေါ်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

Source & Photo: www.nydailynews.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ