AD
AD
AD
play

 

စွန့်စားလိုသူ ၂၆ ဦး ပါဝင်တဲ့ အုပ်စုတစ်စုက အီတလီနိုင်ငံမှာရှိတဲ့ မွန်တီ ပီရာနာ တောင်တန်းမှာ ကြိုးတွေ သွယ်တန်းချိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ကြိုးတန်းမှာ ကြိုးသိုင်းပုခက်တွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ကြိုးသိုင်းပုခက်တွေဟာ မြေပြင်ကနေ ပေပေါင်း ၁၆၀ ကျော် အမြင့်မှာ ရှိနေပါတယ်။

play

 

သူတို့ဟာ ကြိုးသိုင်းပုခက်တွေထဲမှာ တစ်ညတာ အိပ်စက်ခဲ့ကြပြီး နောက်တစ်နေ့မှာတော့ သတင်းစာဖတ်ရင်း၊ စကားစမြည်ပြောဆိုရင်း၊ အချိုရည်သောက်ရင်း အနားယူခဲ့ကြပါသေးတယ်။ ပထမကမ္ဘာစစ်အတွင်းက မွန်တီ ပီရာနာတောင်တန်းတွေမှာ သေဆုံးခဲ့ကြတဲ့ စစ်သည် ၁၈,၀၀၀ ကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ စွန့်စားလိုသူ ၂၆ ဦးက အခုလို ပြုလုပ်ခဲ့ကြတာပါ။

play

 

ကြိုးသိုင်းပုခက်ထဲမှာ အိပ်စက်အနားယူရခြင်းက ဇိမ်ကျတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ သူတို့လို မြေပြင်မှ ပေပေါင်း ၁၆၀ အမြင်မှာ ချိတ်ဆွဲထားတဲ့ ကြိုးသိုင်းပုခက်ထဲမှာ အိပ်စက်အနားယူရမယ်ဆိုရင် သင် အိပ်ပျော်နိုင်ပါ့မလား။

Source and Photo: http://metro.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD