Lifestyle: အိပ်ငိုက်နေရင် ဒါတွေလုပ်ကြည့်ပါ

အလုပ်မှာ၊ ကျောင်းမှာ အိပ်ငိုက်နေတာ မကောင်းပါဘူး။ လန်းဆန်းသွားအောင် တစ်ခုခု ကြိုးစားကြည့်ပါ။

play

 

လူတွေက ခက်ပါတယ်။ အိပ်မပျော်ရင်လည်း အိပ်ပျော်အောင် လုပ်ရ။ အိပ်ငိုက်ပြန်တော့လည်း မငိုက်အောင် ကြိုးစားရပြန်ပါတယ်။ ဒါကတော့ လိုအပ်ချက်အရ ဖြစ်မှာပါ။ အစည်းအဝေးမှာ ငိုက်နေလို့ မဖြစ်ဘူးလေ။ ဒါတွေ စမ်းလုပ်ကြည့်ပါ။

play

 

ရေအေးအေးနဲ့ မျက်နှာသစ်လိုက်တဲ့အခါ လန်းဆန်းသွားပါလိမ့်မယ်။ မျက်နှာပေါ်က ရေတွေကိုတော့ ပြန်သုတ်ဖို့ မမေ့ပါနဲ့။ နေလို့အရမ်းကောင်းပြီး အိပ်ပျော်သွားနိုင်ပါတယ်။

play

 

မျက်နှာသစ်လို့ အဆင်မပြေဘူးဆိုရင်တော့ ရေဆွတ်ထားတဲ့ အဝတ်စနဲ့ ဂုတ်ပိုး၊ ချိုင်းကြားတွေကို သုတ်ပေးပါ။ လန်းဆန်းလာတာကို သိသိသာသာ ခံစားရပါလိမ့်မယ်။

play

 

နောက်တစ်နည်းကတော့ သွားတိုက်ကြည့်ပါ။ သွားနဲ့ခံတွင်းအပြင် လျှာကိုလည်း ပွတ်တိုက် သန့်စင်ပေးတဲ့အခါ မယုံနိုင်လောက်အောင် လန်းဆန်းလာပြီး အိပ်ငိုက်တာ ပျောက်သွားမှာပါ။

Photo : blog.doctorz.com, www.dailymail.co.uk,www.wikimedia.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ