Lifestyle: ချစ်သူရည်းစား မရခြင်းရဲ့ အကြောင်းအရင်း (၇) မျိုး

, updated

ယခုဖော်ပြထားတဲ့ အချက်တွေထဲက တစ်ခုခု သင့်မှာရှိနေပြီိဆိုရင်တော့ အမြန်ဆုံးပြုပြင်ဖို့ လိုနေပါပြီ။

play

 

သင်ဟာ ချစ်သူရည်စား အိမ်ထောင်ဖက်ရှာဖို့ သင့်တော်တဲ့ အရွယ်ရောက်နေသည့်တိုင်အောင် လူပျိုလူလွတ် တစ်ယောက်ဖြစ်နေပါသလား။ အားနည်းချက် ကြီးကြီးမားမားမရှိပဲ လက်တွဲဖော်ရှာချင်နေသည့်တိုင်အောင် ဆန္ဒအတိုင်း ဖြစ်မလာသူတွေလည်း ရှိပါတယ်။ ဒီအသက်အရွယ်အထိ ဘာကြောင့် တစ်ကိုယ်တည်းသမား ဖြစ်နေရသလဲဆိုတာ သိချင်ပါသလား။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက တစ်ခုခုများ သင့်မှာရှိနေခဲ့ရင် အမြန်ဆုံး ပြင်လိုက်ဖို့ မမေ့ပါနဲ့။

၁။ အဆိုးမြင်ခြင်း

play

 

အဆိုးမြင်တက်တဲ့သူ အများစုက တစ်ကိုယ်တည်းသမား ဖြစ်ဖို့များပါတယ်။ အရင်ကကြုံခဲ့ဖူးတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကြောင့် အရာရာကို အဆိုးမြင်နေကြသူတွေလည်းရှိပါတယ်။ အားလုံးက အဆိုးချည်းပဲ မဟုတ်ဘူးဆိုတာ သတိရပါ။

၂။ ကြိုးစားအားထုတ်မှု မရှိခြင်း

play

 

သင့်တော်တဲ့ လက်တွဲဖော်ရှာဖို့ဆိုတာ ကိုယ်တိုင်ကလည်း အားထုတ်ဖို့ လိုပါသေးတယ်။ နေရင်းထိုင်ရင်း သင့်အိမ်ထဲကို ရွှေမင်းသမီးလေး၊ ရွှေမင်းသားလေး ရောက်လာမှာမဟုတ်ပါဘူး။ ဖူးစာပါရင် တွေ့ကြမှာပဲဆိုပေမယ့် ဖူးစာဖက်ကို တွေ့အောင် အားထုတ်ဖို့လည်း လိုသေးတယ်မလား။

၃။ အဆက်ဟောင်းကို မမေ့နိုင်ဖြစ်နေခြင်း

play

 

အဆက်ဟောင်းကို မမေ့နိုင်ပဲ တမ်းတမ်းစွဲ ဖြစ်နေခြင်းကလည်း တစ်ကိုယ်တည်းသမား ဖြစ်နေရခြင်းရဲ့  အကြောင်းအရင်းတစ်ခုပါ။

၎။ ထင်ရာစိုင်းခြင်း

play

 

သင်ဟာ ထင်ရာစိုင်းတတ်သူ တစ်ယောက်ဖြစ်တယ်ဆိုရင် အဲဒီအချက်ကလည်း တစ်ကိုယ်တည်းသမားဖြစ်ဖို့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ထင်ရာစိုင်းပြီး လုပ်တတ်ခြင်းဟာ လုံးဝကို ဆွဲဆောင်မှုမရှိတဲ့အကျင့်ပါ။ ရွှေလက်မြဲချင်တယ်ဆိုရင်တော့ ထင်ရာစိုင်းတတ်တာကို ပြင်ဖို့လိုကြောင်း အကြံပြုပါရစေ။

၅။ တကယ်အဖော်မရှာလိုသေးခြင်း

play

 

ဘာကြောင့်တစ်ကိုယ်တည်း ဖြစ်နေရသလဲဆိုရင် တကယ်အဖော်မရှာလိုသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ ဘဝကို အစပျိုးဖို့ အဆင်သင့်မဖြစ်သေးသူတွေကလည်း တစ်ယောက်တည်းသမား ဖြစ်နေတက်ပါတယ်။

၆။ အရာရာကို ထည့်စဉ်းစားနေခြင်း

play

 

 တစ်စုံတစ်ယောက်နဲ့ ချစ်သူရည်းစားဘဝကို အစပျိုးဖို့ အခွင့်အရေး ရှိနေပြီဆိုရင်တောင်မှ ငွေကြေး၊ အလုပ်အကိုင်၊ မိသားစုနဲ့ အပေါင်းအသင်းကိစ္စတွေ အကုန်လို်က်ပြီး စဉ်းနေတဲ့အခါ တစ်ကိုယ်တည်းသမားဖြစ်တဲ့သက်တမ်း ကြာသွားတက်ပါတယ်။

၇။ စိတ်ကူးယဉ်ဆန်လွန်းခြင်း

play

 

ကိုယ့်ရဲ့လက်တွဲဖော်ဟာ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုး ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး စိတ်ကူးထဲကအတိုင်း အပြင်မှာ လိုက်ရှာနေရင်တော့ တစ်ကိုယ်တည်းသမားဖြစ်ဖို့  အစပျိုးနေပြီလို့ မှတ်ပါ။ စိတ်ကူးထဲက ဇာတ်ကောင်ကို အပြင်မှာတွေ့ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ လက်တွေ့ဆန်သူတွေက လက်တွဲဖော်ရဲ့ အားနည်းချက်ကို မဝေဖန်ပဲ ပြုပြင်ပေးဖို့ ကြိုးစားကြပါတယ်။

Source & Photos : www.richest.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ