Lifestyle: ဆိုးသလိုလိုနဲ့ ကောင်းတဲ့အချက် (၃) ခု

မကောင်းဘူး ထင်ထားပေမယ့် ကောင်းနေတတ်တဲ့ အရာအချို့ကို ဖော်ပြလိုက်ပါတယ်။

play

 

ဘယ်လိုမှ မကောင်းဘူးလို့ လက်ခံထားတဲ့ အရာတွေမှာ ကောင်းတဲ့အချက်တွေလည်း ရှိတတ်ပါသေးတယ်။ ဥပမာပြောရရင် အခါးဓာတ်လိုပေါ့။ ခါးတဲ့အရသာကို မနှစ်သက်ပေမယ့် သည်းခြေကို အားကောင်းစေနိုင်တာမျိုး ရှိတယ်မဟုတ်လား။

၁။ စိတ်ဖိစီးမှု

play

 

သေချာပါတယ်။ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လည်း ယာယီ စိတ်ဖိစီးမှုတွေက သင့်ကို အခက်အခဲကနေ လွတ်မြောက်အောင် ရုန်းကန်နိုင်စွမ်း မြင့်မားလာစေပါတယ်။

၂။ တစ်ကိုယ်တည်း ဖြစ်နေခြင်း

play

 

ရည်းစားလေး တစ်ယောက်တောင် မရှိဘူးဆိုလို့ အားမငယ်ပါနဲ့။ အလုပ်ခွင်မှာ အတက်ကြွဆုံးဝန်ထမ်းတွေဟာ ရည်းစားမရှိတဲ့လူတွေ များပါတယ်။

၃။ သူစိမ်းများနှင့် တွေ့ဆုံရခြင်း

play

 

ကိုယ်နဲ့ တစ်ကြိမ်တစ်ခါမှ သိကျွမ်းခြင်းမရှိဖူးသူတွေနဲ့ အလုပ်အတူ တွဲလုပ်ရတာ စစချင်းတော့ ကသိကအောက် ဖြစ်ရမှာပါ။ ဒါပေမဲ့လည်း ဘယ်သူကမှ မွေးကတည်းက ရင်းနှီးလာကြတာမဟုတ်ဘူးလေ။ သူစိမ်းတွေနဲ့ တွေ့ဆုံပြီး အလုပ်အတူလုပ်ရင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ပိုကျွမ်းကျင်လာပြီး အသင်းအဖွဲ့စိတ် တိုးမြင့်လာပါတော့တယ်။

Photo : www.drhyman.com,www.images.qualityinformationpublishers.com,www.thebusinessaim.com.ng

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ