Lifestyle: ကားပိတ်နေတုန်း အချိန်ကို အကျိုးရှိရှိ အသုံးချနည်း

, updated

တိုးတက်တဲ့ မြို့ပြလူနေမှုဘဝထဲမှာ နေထိုင်ရတဲ့သူတွေအတွက် နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာက ကားလမ်းပိတ်ခြင်းဖြစ်ပါတယ်။

 

ကားပိတ်တဲ့ အချိန်တွေဟာ တန်ဖိုးမဲ့စွာ ကုန်လွန်နေကြရတာပါ။ အထူးသဖြင့် ရန်ကုန်မှာ အလုပ်သွားအလုပ်ပြန် ကားပိတ်တဲ့ အချိန်တွေကို ဘယ်လိုကုန်ဆုံးရင် ကောင်းမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

၁။ အမ်တီဗီတွေကြည့်ပါ

play

 

ဖုန်းထဲက အမ်တီဗီပဲဖြစ်ဖြစ်၊ ကားအော်ဒီယိုနဲ့ပဲ ဖြစ်ဖြစ် သင်နှစ်သက်တဲ့မြူးဇစ်ဗီဒီယိုအမျိုးအစားတွေကို ကြည့်နိုင်ပါတယ်။ ဒီလိုအချိန်မှာ အမ်တီဗီကြည့်တာ စိတ်ဖိစီးမှုကို သက်သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၂။ ဒရိုင်ဗာနဲ့ စကားပြောပါ

play

 

သင့်ရဲ့ ဒရိုင်ဗာနဲ့ စကားစမြည်ပြောဖို့ ကြိုးစားပါ။ သူက စကားစပြောမလည်း သင်က စပြောလိုက်ပါ။ မြန်မာ့နိုင်ငံရေး အကြောင်းနဲ့ လူနေမှုဘဝတွေ သူနဲ့ စကားပြောပြီး ဆွေးနွေးကြည့်ပါ။ ကားပိတ်တဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားပါလိမ့်မယ်။

၃။ အလုပ်စီမံကိန်းတွေအကြောင်း စဉ်းစားပါ

play

 

သင့်မှာ မကြာခင် အလုပ်စီမံကိန်းသစ်တစ်ခု ရှိနေမယ်ဆိုရင် အဲဒီစီမံကိန်းအကြောင်း အိုင်ဒီယာတွေ စဉ်းစားနေလိုက်ပါ။ မရှိသေးရင်လည်း ဘာတွေအသစ်လုပ်ရမလဲ ဆိုတာ စဉ်းစားကြည့်ပါ။ စာအုပ်သန်းနဲ့ချီပြီး ရောင်းရတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုးလင်းဟာ ရထားစောင့်ရင်း ဒီစာအုပ်ရေးဖို့ အိုင်ဒီယာရခဲ့ဖူးတဲ့ ဥပမာရှိပါတယ်။

၎။ အရေးပါတဲ့သူတွေဆီ ဖုန်းခေါ်ပါ

play

 

အလုပ်များနေတက်ကြတာကြောင့် ဘဝရဲ့ အရေးပါတဲ့သူတွေဆီ ဖုန်းခေါ်ပြီး သတိရကြောင်း ပြောဖို့ မေ့နေတက်ကြပါတယ်။ ကားပိတ်တာ စိတ်မရှည်ဖြစ်နေမယ့် အတူတူကိုယ်ချစ်ရတဲ့ သူတွေဆီ ဖုန်းခေါ်ပြီး သတိရကြောင်းပြောလိုက်ပါ။ စိတ်တိုတာတွေ လျော့သွားမှာပါ။

၅။ တရားထိုင်ပါ

play

 

နောက်နေတယ်လို့ မထင်လိုက်ပါနဲ့။ တရားထိုင်ကြည့်လိုက်ပါ။ သုံးမိနစ်ရရ၊ ငါးမိနစ်ရရ တရားထိုင်ကြည့်လိုက်ပါ။ အကြံကောင်းတွေ ထွက်လာပါလမ့်မယ်။

၆။ သန့်ရှင်းရေးလုပ်ပါ

play

 

ကားကို သန့်ရှင်းရေ လုပ်ခိုင်းတာမဟုတ်ပါဘူး။ သင့်ရဲ့ဖုန်းထဲက၊ လက်ပ်တော့ထဲက၊ တက်ဘလက်ထဲက အရေးမပါတဲ့ ဖိုင်တွေကို ရှင်းလင်းဖို့ ပြောတာပါ။

၇။ လေ့ကျင့်ခန်း  လုပ်ပါ

play

 

ကားပိတ်နေချိန်မှာ လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်နေမယ်ထင်ပါတယ်။ exercises while you commute ဆိုပြီး Google မှာရှာကြည့်ပါ။ နည်းလမ်းအများကြီး ထွက်လာပါလိမ့်မယ်။

၈။ Duwun ကို ဝင်ကြည့်ပါ

play

 

ကားပိတ်နေတုန်း လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူး၊ အလုပ်အကြောင်းလည်း မစဉ်းစားချင်ဘူးဆိုရင်တော့ duwun.com.mm ကိုဝင်ကြည့်သင့်ပါတယ်။ သင့်အတွက် အပန်းပြေပြီး ဗဟုသုတရစေမယ့် အကြောင်းအရာ အမျိုးစုံကို မိနစ်ပိုင်းအတွင်း ဖတ်ရှုလိုက်ရုံနဲ့ သိသွားမှာ ဖြစ်ပါတယ်။

Photos :www.techinasia.com, sansung-center,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ