Lifestyle: ငွေကြေးကို ဦးစားပေးတက်တဲ့ မိဘတွေ အတွက် ညီအစ်ကိုနှစ်ဦးက ပေးတဲ့ သင်ခန်းစာ

ငွေကြေးနဲ့ အလုပ်နောက်ကို လိုက်ရင်း မိသားစုရဲ့နွေးထွေးမှုတွေ ပျောက်ဆုံးနေတာကို ဒီညီအစ်ကို နှစ်ဦးက သတိပေးလိုက်တာပါ။

 

တရတ်ပြည် ဝန်ချန်ကောင်တီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ပိုက်ဆံသာအချိန်ပြည့်ရှာဖို့ ကြိုးစားနေကြပြီး သားသမီးတွေကို မစောင့်ရှောက်နိုင်တဲ့ မိဘတွေကို သတိပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခုပါ။

ဝန်ချန်ကောင်တီမှာ နေထိုင်တဲ့ အသက် ၆ နှစ်အရွယ်နဲ့ ၉ နှစ်အရွယ် ညီအစ်ကို နှစ်ဦးရှိပါတယ်။ အိမ်ကနေ ၆၀ ကီလိုမီတာလောက်ဝေးတဲ့အရပ်မှာ အလုပ်လုပ်နေကြတဲ့ မိဘနှစ်ဦးကို မတွေ့ရတာ ကြာတဲ့အတွက် တွေ့ချင်စိတ်ဟာ အဆိုပါညီအစ်ကိုနှစ်ဦးမှာ ပြင်းပြခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ အဖေနဲ့ အမေအလုပ်လုပ်ရာ ဆီ ရောက်အောင်သွားတွေ့မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်တက်တဲ့ မိဘအချို့ကြောင့် ကလေးငယ်တွေ အထီးကျန်ရပါတယ်

၆၀ ကီလိုမီတာဝေးတဲ့ခရီးကို ဆယ်နှစ်တောင် မပြည့်ကြသေးတဲ့ ညီအစ်ကိုနှစ်ဦးက သူတို့ရဲ့ စက်ဘီငယ်လေး ကိုယ်စီနဲ့ ထွက်လာခဲ့ကြပါတော့တယ်။ ဒါပေမယ့် ၂၀ ကီလိုမီတာလောက်အရောက်မှာပဲ သူတို့ ညီအစ်ကိုနှစ်ဦးဟာ ဗိုက်ဆာပြီး မောပန်းလာပါတော့တယ်။ အဲဒီနောက် လမ်းမလယ်မှာ စက်ဘီးပြီး ငိုကြပါတော့တယ်။

ကလေးငယ်တွေပျောက်ဆုံးနေကြောင်း အဖိုးဖြစ်သူက သိသွားတဲ့အခါ ရဲစခန်းကို ကြောင်းကြားပါတယ်။ ရဲစခန်းက စောင့်ကြည့်ရေး ကင်မရာတွေနဲ့ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အဆိုပါညီအစ်ကိုနှစ်ဦး စက်ဘီးငယ်တွေနဲ့ ထွက်သွားတဲ့ လမ်းကြောင်းကို သိလိုက်ကြပါတော့တယ်။ အဆိုပါ ကလေးငယ်နှစ်ဦးဟာ မိဘတွေ အလုပ်လုပ်နေရာ ရူအန်မြို့ကိုသွားတဲ့လမ်းမက ဟိုတယ်တစ်ခုရှေ့မှာ ဗိုက်ဆာလို့ ငိုနေကြတာပါ။

ဘယ်လောက်အလုပ်များများ သားသမီးအတွက် အချိန်ရှိရမှာပါ

ရက် ၄၀ လောက်မိဘတွေကို မတွေ့ခဲ့ရတဲ့ ညီအစ်ကိုနှစ်ဦးရဲ့ စွန့်စားခန်းဟာ ၂၀ ကီလိုမီတာကို သုံးနာရီကြာ စက်ဘီးနင်းပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် အိမ်ကို အကောင်းပကတိအတိုင်း ပြန်ရောက်ခဲ့ပေမယ့် သားသမီးတွေကို စောင့်ရှောက်မှုမရှိပဲ ပိုက်ဆံနဲ့ အလုပ်နောက်သာ  လိုက်နေကြတဲ့ မိဘတွေအတွက် သင်ခန်းစာယူစရာ ဖြစ်ရပ်ပါ။

Source : en.peopledailychina.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ