Lifestyle: ပိုက်ဆံမကုန်ပဲ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ရမယ့် စုံတွဲပြိုင်ပွဲ

ပြိုင်ပွဲမှာ အဓိက ပါဝင်ယှဉ်ပြိုင်ရသူတွေက သတို့သမီးလောင်းတွေ ဖြစ်ပါတယ်။

play

သတို့သမီး အပြေးပြိုင်ပွဲလည်း ပါဝင်ပါတယ်

ချစ်သူစုံတွဲတွေရဲ့ စိတ်ကူးအိပ်မက်ထဲက အတိုင်း မင်္ဂလာပွဲတစ်ခုဖြစ်လာဖို့ သတို့သမီးတွေရဲ့ ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခုကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ “Eazy Ruuning of The Brides  4” လို့အမည်ပေးထားတဲ့ ဒီပြိုင်ပွဲက လေးကြိမ်မြောက် သတို့သမီး ဂိမ်းပြိုင်ပွဲ ဖြစ်ပါတယ်။

play

စုံတွဲ ၁၀၀ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်

ဒီပြိုင်ပွဲကို စုစုပေါင်း စုံတွဲ ၁၀၀ လောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုကြေးကလည်း စုံတွဲတွေအတွက် မက်လောက် စရာဖြစ်ခဲ့ပါတယ်။ အနိုင်ရှိတဲ့ ချန်ပီယံသတို့သမီးသမီး စုံတွဲဟာ မင်္ဂလာဆောင် အစီအစဉ်တွေအတွက် အခမဲ့စီစဉ်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒိုက်ကို ဟန်းနီးမွန်းထွက်နိုင်ပြီး လေယာဉ်လက်မှတ်လည်း ရရှိမှာဖြစ်လို့ ထိုင်းဘတ်ငွေ တစ်သန်းလောက် တန်ကြေးရှိတဲ့ ဆုကြေးပမာဏ ဖြစ်ပါတယ်။

play

သတို့သမီးတွေကတော့ ပိုပြီး ယှဉ်ပြိုင်ရပါတယ်

ဝင်ရောက်ယှဉ်ပြိုင်တဲ့ သတို့သမီးတွေက အပြေးပြိုင်ပွဲအပါအဝင် ဂိမ်းကစားနည်း မျိုးစုံကို ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလက တစ်နေကုန်နီးပါး ကြာမြင့်လေ့ရှိလို့ ဆုရဖို့ဟာ မလွယ်ကူလှပါဘူး။

Source & Photos : www.eazyfm.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ