Lifestyle: ၁၈နှစ်မှာလက်ထပ်ပြီး ၁၉ နှစ်မှာ ကလေးမွေးတဲ့အလှမယ်

, updated

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်သူ ဖြစ်တဲ့အပြင် ပျော်စရာကောင်းတဲ့ မိသားစုဘဝကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

play

ခရင်း အက်စတဲလ်ချွန်ဟာ အသက် ၁၈ နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ၁၉ နှစ်မှာ ပထမဆုံးကလေးကို မွေးခဲ့ပါတယ်။  ကလေးမွေးဖို့ပြင်ဆင်နေချိန်မှာပဲ မားကတ်တင်း (Marketing) ဘာသာရပ်အတွက် ဒီပလိုမာရယူဖို့ လေ့လာခဲ့ပါတယ်။

play
play

 

ပျော်စရာကောင်းတဲ့ မိသားစုဘဝနဲ့ သူမ

ခုတော့ သူမအသက်က ၂၈ နှစ်ပါ ။ကုမ္ပဏီ ၃ ခုကို ပိုင်ဆိုင်ထားပြီး Mrs’ Singapore World 2015 အတွက် နောက်ဆုံးဆန်ကာတင်စာရင်းမှာပါဝင်ခဲ့ပြီဖြစ်ပါတယ်။

play

 

သူမရဲ့ ဖူးစာဖက်ကလည်း ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်

သူမရဲ့ လက်ထပ်ခါစအချိန်တွေကို ယခုလိုပြန်ပြောပါတယ်။ “ အဲ့အချိန်တွေတုန်းက တအားဆိုးတယ်။ ကျောင်းကလည်း တက်နေဆဲ၊ ရင့်ကျက်မှုလည်းမရှိသေးဘူး။ ကျွန်မတို့နှစ်ယောက်စလုံးက ကျောင်းသားတွေဆိုတော့ ကျွန်မတို့ကလေးအတွက် ပိုက်ဆံစုဖို့ အချိန်ပိုင်းအလုပ်လည်းလုပ်ရတယ်။

လက်ထပ်ခါစမှာ ချို့တဲ့တာကြောင့် ကိုယ်ဝန်ဆောင်ကြီးနဲ့ သူမဟာ မနက်ဆိုကျောင်းသွား ညဘက်တွေဆို ကျူရှင်တွေလိုက်ပြရတယ်လို့" ဆိုပါတယ်။

play

အခုတော့ အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်နေပါတယ်

ခုတော့ သူမဟာ Mrs’ Singapore World 2015 အတွက် နောက်ဆုံးဆန်ကာတင်အလှမယ်တစ်ဦးဖြစ်နေပါပြီ။ Mrs’ Singapore  အပြီးသတ်အလှမယ်ရွေးချယ်ပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Photos & Source ; the new paper online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ