Lifestyle: ဒီဇင်ဘာမှာ လည်ပတ်စရာ (၄) ခု

, updated
play

 

ချမ်းစိမ့်တဲ့ ရာသီဥတုမှာ ချစ်ခင်ရသူတွေနဲ့ ခရီးသွားရတာ အတော်ပျော်ဖို့ ကောင်းမှာပါပဲ။ ခရီးထွက်ခြင်းက စိတ်ကိုလည်း လန်းဆန်းစေသလို အတွေ့အကြုံအသစ်အဆန်းတွေကိုလည်း ပေးနိုင်ပါတယ်။ ဒီဇင်ဘာမှာ ခရီးသွားကြမယ့်လူတွေအတွက် မြန်မာနိုင်ငံတွင်းက လည်ပတ်စရာ နေရာတွေပါ။

၁။ ရှမ်းပြည်နယ်

play

 

တောင်ကြီး၊ အင်းလေးနဲ့ ရှမ်းပြည်ရဲ့ အလှအပတွေကို ဒီအချိန်မှာ သက်ဝင်ခံစားလိုက်ပါ။ သာယာတဲ့ရှုခင်းတွေ၊ အေးစိမ့်တဲ့ ရာသီဥတုက စိတ်ကို ကြည်နူးစေပါတယ်။ ကလောမြို့ကိုလည်း သွားလိုက်ပါဦး။ သန့်ရှင်းသလောက် လှပတဲ့ မြို့လေးတစ်မြို့ပါ။

၂။ မန္တလေး

play

 

တန်ခိုးကြီးတဲ့ မဟာမုနိ ရုပ်ရှင်တော်၊ ရှေးလက်ရာ ဦးပိန်တံတား၊ ကျောက်စိမ်းဘုရားတို့တည်ရှိရာ မန္တလေးကိုလည်း သွားသင့်ပါတယ်။

၃။ ပြင်ဦးလွင်

play

 

မေမြို့ ခေါ် ပြင်ဦးလွင်ကို ပန်းမြို့တော်လို့လည်း သိကြပါတယ်။ ခုဆိုရင် ပြင်ဦးလွင်မှာ လှပ မွှေးပျံ့တဲ့ ပန်းတွေ စုံစုံညီညီ ပွင့်နေကြပါပြီ။ ဓာတ်တော်ချိုင့် ရေတံခွန်မှာလည်း အပန်းဖြေနိုင်ပါသေးတယ်။

၎။ ငွေဆောင်

play

 

နှစ်သစ်ကို ကြိုဆိုဖို့အတွက် ကမ်းခြေတစ်ခုခုကို ရွေးမယ်ဆိုရင်တော့ ငွေဆောင်က အကောင်းဆုံးဖြစ်ပါတယ်။ ကြည်လင်တဲ့ရေပြင်၊ ပြာလဲ့တဲ့ ပင်လယ်နဲ့ သဲဖြူဖြူတွေလောက် စွဲမက်ဖို့ကောင်းတာ ရှိပါဦးမလား။ ပင်လယ်ရေအောက်ကိုလည်း ငုပ်ကြည့်နိုင်လို့ ရင်သပ်ရှုမောဖွယ် ရေအောက်အလှကို ခံစားလို့လည်း ရပါတယ်။

Photo : www.achithotel.com,www.zawphyowai.files.wordpress.com, www.burma.irrawaddy.org,www.lh3.googleusercontent.com,www.mmtravelsystem.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ