Lifestyle: ဝန်ကြီး ဦးရဲထွဋ် ကြိုက်တဲ့ လယ်ဝေးက "မဝေ အသုပ်ဆိုင်"

, updated

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့အကြိုက် လယ်ဝေးမြို့က သာမန်အသုပ်ဆိုင်လေး တစ်ဆိုင်ကို သွားစားကြဖို့ ညွှန်းလိုက်ပါတယ်။

play

 

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဖေ့ဘွတ်မိတ်ဆွေတွေကို အစားကောင်းစားစေချင်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် နေပြည်တော်က အသုပ်ဆိုင်တစ်ဆိုင်ကို ညွှန်းဆိုထားပါတယ်။ လယ်ဝေးမြို့မှာရှိတဲ့ "မဝေ အသုပ်ဆိုင်"လို့  ဦးရဲထွဋ်က ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် မျှဝေထားတာပါ။

play

အသုပ်ဆိုင်က နေ့လည် ၁ နာရီကျော်မှ ဖွင့်တာပါတဲ့

ဆိုင်ခန်းကြီးကြီးမားမားနဲ့ ဆိုင်းဘုတ်တင်ပြီး ရောင်းချတဲ့ အသုပ်ဆိုင်မျိုးမဟုတ်ပဲ သာမန်အသုပ်ဆိုင်တစ်ဆိုင်ကို ဝန်ကြီးဦးရဲထွဋ်က ညွှန်းဆိုထားတာဖြစ်ပါတယ်။ အဲဒီအသုပ်ဆိုင်မှာ အစုံသုပ်၊ သင်္ဘောသီးသုပ်၊ ဟင်းနုနွယ်ရွက်သုပ်၊ ပေါက်ပန်းဖြူရွက်သုပ်၊ မယ်ဇလီဖူးသုပ်၊ ငါးရံ့ပလူရွက်သုပ်၊ မုန်လာဥနီသုပ်နဲ့ ကြောင်လျှာသီး/ပွင့်သုပ်တွေ ရတယ်လို့ ဆိုပါတယ်။

play
play

မဝေဆိုင်က အသုပ်မျိုးစုံရတယ်လို့ ညွှန်းထားပါတယ်

ဒါပေမယ့် မုန်လာဥနီသုပ်ကိုတော့ ဦးရဲထွဋ်က တစ်ခါမှ မကြားဖူးပါဘူးတဲ့။ မဝေအသုပ်ဆိုင်က နေ့လည် ၁ နာရီကျော်မှ ဖွင့်တဲ့အကြောင်းလည်း သတိပေးထားပါတယ်။

play

နယူးယော့ခ်မှာ ပေါ့ပေါ့ပါးပါး စတိုင်နဲ့ ဦးရဲထွဋ်

“နေပြည်တော်ကနေ လေယာဉ်ကွင်းသွားလမ်းပေါ်ရှိ ရန်အောင်မြင် ဘုရားလမ်းခွဲမှ ညာဘက်ကွေ့လိုက်ရင် လယ်ဝေးမြို့ကို ရောက်ပါတယ်။ မြို့အ၀င် မန်ချက်စတာ လက်ဖက်ရည်ဆိုင်အကျော် နေလ ဆီစက်ဘေးမှာ ဆိုင်နာမည် တပ်မထားတဲ့ မဝေ အသုပ်ဆိုင်ရှိပါတယ်” ဆိုပြီး ဖေ့စ်ဘွတ်နာမည်ကျော် ဦးရဲထွဋ်က ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Source & Photos : ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖေ့စ်ဘွတ်စာမျက်နှာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ