Lifestyle: တက်တူးထိုးသူ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးထားတတ်ကြ

, updated

တက်တူးထိုးထားတဲ့ အမျိုးသမီးတွေအပေါ် အမြင်ပြောင်းလဲစေမယ့် လေ့လာချက်အသစ်တစ်ရပ် ထွက်လာခဲ့ပါပြီ။

play

 

တက်တူးထိုးထားတဲ့ အမျိုးသမီးတွေက သာမန်ထက်တောင် ကိုယ့်ကိုယ်ကိုယ် ပိုလို့ တန်ဖိုးထားလေ့ရှိကြောင်း လေ့လာချက် အသစ်တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ တက်တူးထိုးတာ နှစ်သက်သူနဲ့ သာမန်အမျိုးသမီးတွေရဲ့ ခြားနားချက်ကို လေ့လာခဲ့တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအပါအဝင် စိတ်ဓာတ်ကျဆင်းနိုင်မှု အခြေအနေတွေကိုပါ လေ့လာခဲ့တာပါ။

play

 

တက္ကဆက်နည်းပညာတက္ကသိုလ်က ဒေါက်တာ ဂျရုန်းကော့ရှ် ဦးဆောင်တဲ့ သုတေသီအဖွဲ့ ဒီလေ့လာချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း တက္ကသိုလ်ခြောက်ခုက အမျိုးသမီး ၂၃၉၅ ဦးရေကို လေ့လာခဲ့ခြင်းက ဒီရလဒ်ထွက်လာခဲ့တာပါ။ လေ့လာခဲ့တဲ့ အထဲမှာ ၈၂ ရာခိုင်နှုန်းက အသက် ၁၈ နှစ်ကနေ ၂၀ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ တက်တူး အနည်းဆုံး လေးခုလောက်ရှိတဲ့အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ တန်ဖိုးထားမှု မြင့်မားလေ့ရှိတာကို တွေ့ရပါတယ်။ တက်တူးမရှိသူ သို့မဟုတ် တက်တူးတစ်ခုနှစ်ခုလာက်သာ ရှိသူတွေထက် ပိုပြီးတော့ စည်းထားတတ်ကြပါတယ်။ သတင်းဆိုးတစ်ခုကတော့ အဆိုပါအမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားတက်မှု နည်းပါးတာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ