Lifestyle: ခေါင်းစည်းကြိုးကို လက်မှာပတ်ရင် သတိထားပါ

ခေါင်းစည်းကြိုးကိုလက်မှာချည်ထားတာကြောင့် ကုတ်ခြစ်ရာကနေ ပိုးဝင်သွားတာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောကြားထားပါတယ်။

play

 

ဒါမျိုးက အလွန်ဖြစ်ခဲပေမဲ့ သိထားရင်မမှားပါဘူး။အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်က အမျိုးသမီး တစ်ဦးဟာ ခေါင်းစည်းကြိုးတစ်စုံကို ဝယ်ပြီး အခြားအမျိုးသမီးတွေလို လက်မှာပတ်ထားခဲ့ပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ လက်ကောက်ဝတ်က စည်းထားတဲ့နေရာဟာ ယောင်လာခဲ့ပါတယ်။

play

 

Mirror ရဲ့ဖော်ပြချက်အရ အော်ဒရီးကော့ပ်ဆိုတဲ့ အဆိုပါအမျိုးသမီးဟာ ဆရာဝန်သွားပြပေမဲ့ ဆရာဝန်က ပိုးသတ်ဆေးသာပေးပြီး မစိုးရိမ်ရဘူးလို့ပြောခဲ့ပါတယ်။

ဒါပေမဲ့ နောက်တစ်ရက်အကြာမှာတော့ ပိုယောင်လာပြီးနာကျင်လာတာကြောင့် ဆေးရုံကိုပြေးခဲ့ရပါတယ်။ အခုတော့ ခွဲစိတ်လိုက်ရပြီဖြစ်ပါတယ်။

play

 

ဆရာဝန်တွေရဲ့တွေ့ရှိချက်အရ ခေါင်းစည်းကြိုးစည်းထားတဲ့နေရာကယားယံလို့ ကုတ်ခြစ်ရာကနေ ဘက်တီးရီးယားတွေဝင်နိုင်အောင် နေရာပေးလိုက်သလိုဖြစ်သွားတယ်လို့ဆိုပါတယ်။

အလွန်ဖြစ်တောင်ဖြစ်ခဲပေမဲ့ ခေါင်းစည်းကြိုးကို လက်မှာပတ်လို့ယားယံတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆက်မ ဝတ်သင့်ပါဘူး။

Photos : WLKY

New Sources: Mirror, WLKY

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ