Lifestyle: ရန်ကုန်တွင် ပြုလုပ်မည့် ဂျပန်ပွဲတော်

ကားရပ်နားဖို့ အခက်အခဲရှိလို့ ကိုယ်ပိုင်ကားတွေနဲ့ သွားလို့ မရပါဘူး။

play

 

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်းနှင့် ရန်ကုန် ဂျပန်လူမျိုးအသင်းတို့က ပူးပေါင်း ပြုလုပ်မည့် ဂျပန်ပွဲတော် ၂၀၁၅ ကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။

play

ရိုးရာ စက္ကူခေါက်နေပုံ

ယင်းပွဲတော်တွင် ဂျပန်ရိုးရာ ယဉ်ကျေးမှု အမျိုးမျိုးကို ခံစားလေ့လာနိုင်မည်ဖြစ်သည်။ ဂျပန် ရိုးရာ စက္ကူခေါက်ခြင်း၊ ရိုးရာစာရေးနည်း၊ ကရာတေး သရုပ်ပြမှု၊ အက အလှတို့ဖြင့် ပြသ သွားမည်ဖြစ်ကာ ဂျပန်ရိုးရာ လက်ဖက်ရည်ကိုလည်း တည်ခင်းဧည့်ခံထားမည်ဟု သိရသည်။ ရန်ကုန်ရှိ ဂျပန်ရိုးရာ စားသောက်ဆိုင်များနှင့် လုပ်ငန်းများမှ အစားအသောက်နှင့် ကုန်ပစ္စည်းများကိုလည်း ခင်းကျင်း ပြသသွားမည်ဖြစ်မှာ ဝင်ကြေး အခမဲ့ဖြစ်သည်။

play

ဂျပန်ရိုးရာ လက်ဖက်ရည်နဲ့ တည်ခင်းပါမယ်

ဂျပန်ပွဲတော်ကို ဒီဇင်ဘာ ၁၂ ရက်၌ မြရိပ်ညိုဟိုတယ်တွင် နေ့လယ် ၂ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကာ ကားရပ်နားရန် အခက်အခဲရှိကြောင်း ပွဲစီစဉ်သူများက မေတ္တာရပ်ခံထားသည်။

Photo : Japan Pwe Taw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ