Lifestyle: ကောင်းကင်ပြာနှင့် လက်ထပ်ခြင်း

, updated

ဘေဂျင်းဟာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး သဘာဝ ပတ်ဝန်းကျင်ကတော့ ပြောင်းပြန်အချိုးနဲ့ ပျက်စီးနေပါတယ်။

play

၂၀၁၄ ခုနှစ်က ကွမ်းနင်ရဲ့ သရုပ်ပြတင်ဆက်မှု

မီးခိုးမြူတွေ ပြည့်နေတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ အနုပညာရှင်တစ်ယောက်က သရုပ်ပြတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

play

ဘေဂျင်းမှာ မီးခိုးမြူတွေ ပြည့်နေပါတယ်

ဒီဇင်ဘာ ၁ ရက်နေ့က တရုတ်အနုပညာရှင် ကွမ်းနင်ဟာ လတ်တလော မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့ မြို့တော် ဘေဂျင်းရဲ့ လမ်းမထက်မှာ သရုပ်ပြ တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ကောင်းကင်ပြာနှင့် လက်ထပ်ခြင်း အမည်ရတဲ့ တင်ဆက်မှုမှာ မီးခိုးမြူကာကွယ်ရေး မျက်နှာဖုံးပေါင်း ၉၉၉ ခု တပ်ဆင်ထားတဲ့ သတို့သမီးဝတ်စုံနဲ့ တင်ဆက်ခဲ့တာပါ။

play

 

ကွမ်းနင်ဟာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အနုပညာ သရုပ်ပြမှုတွေကို ၂၀၀၀ ခုနှစ်တည်းက ပြုလုပ်နေခဲ့သူလည်း ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုရဲ့ နောက်ကွယ်မှာ ဘေဂျင်းရဲ့ လေထုဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပါပြီ။

Source & Photo : www.en.people.cn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ