Lifestyle: အိန္ဒိယက ဆိုရှယ်မီဒီယာ သူရဲကောင်းများ

, updated

Chennai ပြည်နယ်ရေကြီးနေချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း Chennai ဒေသက ဒေသခံတွေဟာ ဆိုရှယ်မီဒီယာတွေမှာ သူရဲကောင်း ဖြစ်လာပါတယ်။

play

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ Chennai ပြည်နယ်မှာ စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံအချို့ဟာ လူမှုကွန်ယက်ပေါ်မှာ သူရဲကောင်းသဖွယ် ဖြစ်လာခဲ့ပါတယ်။ ရေကြီးလို့ သွားလာရေး အခက်တွေ့နေခဲ့သူတွေကို လူမှုကွန်ယက်မှတစ်ဆင့် ကြေညာပြီး ကူညီခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လိုများ ကူညီခဲ့ကြပါလိမ့်။

play

 

ရာပေါင်းများစွာသော ဒေသခံတွေဟာ တွစ်တာနဲ့ ဖေ့စ်ဘွတ်လို လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် သူတို့ ကူညီနိုင်တာကို ကြေညာခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့် ရေကြီးလို့ လေယာဉ်နဲ့ ကားခရီးစဉ်တွေ မထွက်တော့တဲ့ အချိန်မှာ လာရောက်တည်းခိုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့တာပါ။

play

 

အချို့ကလည်း သူတို့က ဘယ်အရပ်မှာ နေကြောင်းနဲ့ သူတို့အိမ်ကို လူဘယ်နှယောက် လာတည်းနိုင်ကြောင်း တွစ်တာမှာ ဖုန်းနံပါတ်နဲ့အတူ ဖော်ပြကြေညာခဲ့တာပါ။ တစ်ချို့ကျတော့လည်း တည်းခိုစရာအပြင် အစားအသောက်ပါ ကူညီပေးမယ်လို့ ကြေညာကြပြန်ပါတယ်။

play

 

တွစ်တာမှာ #ChennaiFloods ဆိုပြီး ရှာကြည့်ရင် ဒီလို အကူအညီပေးထားတဲ့ ပို့စ်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်း လူမှုကွန်ယက်မှာတော့ Chennai ဒေသခံတွေဟာ သူရဲကောင်း ဖြစ်လို့နေပါတယ်။

Source : www.bbc.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ