Lifestyle: သမ္မတ အိုဘားမား ရခဲ့ဖူးတဲ့ လက်ဆောင်တွေ အကြောင်း

, updated

သမ္မတ အိုဘားမားကို ကမ္ဘာအနှံ့ နိုင်ငံခေါင်းဆောင်တွေက အခါအခွင့်သင့်ရင် သင့်သလို လက်ဆောင်ပေးလေ့ရှိပြီး အိုဘားမားရဲ့ မိသားစုဝင်တွေပါ လက်ဆောင်ရလေ့ရှိပါတယ်။

play

 

အမေရိကန်သမ္မတ အိုဘားမားဟာ မကြာခဏဆိုသလို ကမ္ဘာ့နိုင်ငံအနှံ့ခေါင်းဆောင်တွေဆီက လက်ဆောင်ပဏ္ဏာတွေ ရရှိတတ်သူဖြစ်ပါတယ်။ သမ္မတအိုဘားမားနဲ့ first lady ဖြစ်တဲ့ မီရှဲလ်အိုဘားမားထံကို မကြာခဏ လက်ဆောင်တွေရောက်လာလေ့ရှိပါတယ်။

အမေရိကမှာတော့ သမ္မတလည်း အခြားသော အစိုးရဝန်ထမ်းတွေလိုပဲ လက်ဆောင်ယူခွင့်မရှိပါဘူး။ တန်ဖိုးနည်း လက်ဆောင်လိုမျိုး ယူမယ်ဆိုရင်တောင် အားလုံးကို လူသိရှင်ကြားကြေညာပြီးမှ ယူလို့ ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံ့ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေဆီက အိုဘားမားရခဲ့တဲ့ လက်ဆောင်တွေစာရင်းကို အစိုးရက ကြေညာလိုက်ပါတယ်။ ဆော်ဒီတော်ဝင်မိသားစုက ပေးခဲ့တာကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။

 

ကျောက်စီဓါး

play

 

မလေးရှားဘုရင်က အိုဘားမားဆီကို လက်ဆောင်ပေးခဲ့တာကတော့ ကျောက်မျက်ရတနာမျိုးစုံ စီခြယ်ထားတဲ့ ကျောက်စီဓားဖြစ်ပါတယ်။ ဒေါ်လာ ရှစ်သောင်းလောက်တန်တဲ့ ဓါးတစ်လက်ပါ။

 

ပန်းချီကားနဲ့ သဘက်စောင်

play

 

ဥရုဂွေးသမ္မတဟောင်းဖြစ်တဲ့ ဟိုဆေးမူရီကာ ပေးခဲ့တာကတော့ ပန်းချီကားတစ်ချပ်နဲ့ သိုးမွေးစောင်တစ်ထည် ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ပုံကို ရေးဆွဲထားတဲ့ ပန်ချီကားပါ။

 

ကျောက်မျက်ရတနာများ

play

 

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆော်ဒီဘုရင် အဗ္ဗဒူလာကတော့ အိုဘားမားရဲ့ သမီးတွေဆီကို လက်ဆောင်ပေးခဲ့တာပါ။ စိန်ထည်၊ မြထည်နဲ့ ပတ္တမြားလက်စွပ်တွေ ပါဝင်ခဲ့ပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်ကလည်း အိုဘားမားရဲ့ သမီးတွေဆီ ဇာလက်အိတ်တွေနဲ့ ဦးထုပ်တွေ လက်ဆောင်ပေးခဲ့ပါသေးတယ်။

 

အဖြူရောင်ဝတ်ရုံ

play

 

ဆော်ဒီဘုရင်ဟောင်း အဗ္ဗဒူလာရဲ့ သားဖြစ်သူကတော့ အိုဘားမားကို အဖြူရောင်ယက်ထည် ဝတ်ရံကြီး တစ်ခု လက်ဆောင်ပေးခဲ့ပြီး ဒေါ်လာ လေးသောင်းနီးပါး တန်ကြေးရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

ကော်ဖီဖျော်စက်

play

 

ဘရူနိုင်ငံဘုရင်ကတော့ ပင်ဂွင်းပုံကလေးနဲ့ အချိန်မှတ်ပြီး ကော်ဖီဖျော်လို့ရတဲ့ စက်ကို လက်ဆောင်ပေးခဲ့တာပါ။ ဒီကော်ဖီဖျော်စက်ကို Amazon မှာတောင်ဝယ်လို့ရပါတယ်။

 

နောက်ထပ် ကျောက်မျက်ရတနာ တစ်ဆင်စာ

play

 

ဆော်ဒီအာရေဗျကပဲ နောက်ထပ် ကျောက်မျက်ရတနာ တစ်ဆင်စာ ပေးခဲ့ပါတယ်။ အဲဒါကတော့ သမ္မတကတော်ဖြစ်သူ မီရှဲလ်အိုဘားမားအတွက်ဖြစ်ပြီး ဒေါ်လာ တစ်သန်းလောက်တန်ကြေးရှိပါတယ်။

မှတ်ချက် - သတင်းဆောင်းပါးထဲတွင် ဖော်ပြထားသော ပုံများမှာ သရုပ်ပြပုံများသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Source :www.cnn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ