Lifestyle: ဘဝမှာ ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့အရာ (၅) ခု

, updated

ဘဝမှာ ရှင်သန်ရတာ ပင်ပန်းနေပြီလား။ လက်လျော့ အရှုံးပေးချင်လောက်အောင် စိတ်မောနေပြီဆိုရင်တော့ ဒါလေးတွေ ဖတ်ကြည့်ပါ။

play

 

စိတ်ကုန် နွမ်းနယ်စရာ နေ့ရက်တွေကိုချည်း ဖြတ်သန်းမနေပါနဲ့။ ဘဝဆိုတာ တန်ဖိုးရှိပါတယ်။ ကိုယ့်ဘဝကို ပိုပြီး ပျော်ရွှင်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ လက်ရှိအချိန်ကို အာရုံစိုက်ပါ

play

 

ကိုယ်တကယ်ရှင်သန်နေတာ ပစ္စုပ္ပန်ပါ။ ပြီးခဲ့တာတွေကို ပြန်တွေးပြီး နာကျင်နေဖို့နဲ့ အနာဂတ်ကို ပူပန်ပြီး စိတ်ဖိစီးမနေပါနဲ့။ လက်ရှိမှာ အဆင်ပြေအောင် နေတတ်ရင်ပဲ လုံလောက်ပါပြီ။

၂။ ပျော်ရွှင်စေမယ့်အရာတွေကို ပြုလုပ်ပါ

play

 

ဒါက သင်ပိုင်တဲ့ဘဝပါ။ ကိုယ်ပိုင်အချိန်တွေမှာ မပျော်ရွှင်ရတဲ့အရာတွေ စိတ်ညစ်ညူးစရာတွေနဲ့ ဖြတ်သန်းစရာမလိုပါဘူး။ အားလပ်ချိန်တွေကို ပျော်စရာတွေနဲ့ ဖန်တီးသင့်ပါတယ်။

၃။ သူများ သဘောကျအောင် အတင်းကာရော မကြိုးစားပါနဲ့

play

 

တစ်စုံတစ်ယောက် ဒါမှမဟုတ် လူတွေအများကြီးက သဘောကျ နှစ်သက်လာအောင် ပြုမူနေစရာမလိုပါဘူး။ လူတိုင်းက သင့်ကိုချစ်ကြမှာမဟုတ်သလို သင်ကလည်း လူတိုင်းကချစ်လာအောင် ကြိုးစားစရာ မလိုပါဘူး။ ဖြောင့်မတ်တဲ့ စိတ်ထားရှိဖို့ပဲ အရေးကြီးတာပါ။

၎။ လက်တွေ့ဆန်ပါ

play

 

ဘဝကို အချိန် အတိုင်းအတာ တစ်ခုအထိ ဖြတ်သန်းပြီးတဲ့နောက်မှာ ဘာတွေက အသုံးတည့်လဲဆိုတာ သိလာရင် အဲ့ဒီအရာတွေနဲ့ ကိုယ့်စွမ်းရည် မြင့်မားအောင် အားထုတ်သင့်ပါတယ်။

၅။ ချစ်ရတဲ့လူတွေကို ဂရုစိုက်ပါ

play

 

ကိုယ့်ဘဝထဲက အရေးပါသူတွေအတွက် အချိန်ပေးပါ။ မိဘ၊ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု စတာတွေပေါ့။ အလုပ်တွေ ဖိလုပ်နေရင်းက ကိုယ်ချစ်တဲ့လူတွေနဲ့ ဝေးသွားတာမျိုး မဖြစ်ရအောင် ကိုယ့်ဘဝရဲ့ တန်ဖိုးရှိလူသားတွေကို ဂရုစိုက်ရင် နောင်တဆိုတာ ရှိတော့မှာမဟုတ်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ