Lifestyle: အမျိုးသမီး ကိုယ်ခန္ဓာ အပေါ်ပိုင်း တင်းရင်းစေမည့် လေ့ကျင့်ခန်းများ

, updated

အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းတွေ လျော့တိလျော့ရဲ ဖြစ်နေတာ ကြည့်ရဆိုးပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ပြုပြင် ထိန်းသိမ်းလိုက်ရအောင်။

play

 

မျက်နှာ လှလှလေး ရှိရုံနဲ့ ကျေနပ်နေပြီလား။ ကိုယ်ခန္ဓာအချိုးစား ပြေပြစ်ဖို့လည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းအလှဖြစ်တဲ့ ရင်သားတွေ လျော့ကျနေပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေ လုပ်ပေးရမှာပေါ့။

၁။ ခုံတန်းပေါ်မှာ အလေးမခြင်း

play

 

ခံတန်းရှည်ပေါ်မှာ ကိုယ်တစ်ပိုင်းကို လှဲချပြီး ဝိတ်တုံးကို ရင်ဘတ်နားရောက်အောင် နှိမ့်ချပြီး ပြန်တင်ပါ။ ၂ မိနစ်အတွင်း ၁၀ ကြိမ် ဆက်တိုက် ပြုလုပ်ပါ။

၂။ ဒိုက်ထိုးခြင်း

play

 

ခန္ဓာကိုယ်ကို ရေပြင်ညီဖြစ်အောင်နေပါ။ ကြမ်းပြင်ကို မျက်နှာမူပြီး ကိုယ်ကို နှိမ့်ချလိုက် ပြန်တင်လိုက် လုပ်ပါ။ လက်မောင်းတွေက ၄၅ ဒီဂရီ ကွေးထားရပါမယ်။

၃။ လက်ဆန့်တန်း

play

 

ခုံတန်းရှည်ပေါ်မှာ ကိုယ်တစ်ပိုင်းကို လှဲချပြီး လက် တစ်ဖက်တစ်ချက်မှာ ၀ိတ်တုံးတွေကို မြှောက်ထားပါ။ လက်တွေကို လိပ်ပြာတောင်ပံလို ညာဘက်ကို ဘယ်/ညာ တစ်လှည့်စီ လှုပ်ရှားပေးရမှာဖြစ်ပါတယ်။

Source & Photo : www.womenshealthmag.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ