Lifestyle: ငယ်စဉ်မှာ တီဗီကြည့်ချိန် များရင် ဦးနှောက်စွမ်းရည် လျော့ကျမယ်

ကလေးငယ်တွေကို တီဗီကြည့်ချိန်မများစေဖို့ ဂရုစိုက်သင့်ပါတယ်။

play

 

ငယ်စဉ်အခါက တီဗီရုပ်ရှင်တွေ အလွန်အကျွံကြည့်တဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက်သိမှတ်နိုင်မှု စွမ်းရည် လျော့ကျသွားစေတယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ ပညာရေး အစီအစဉ်အတွက် အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ကြားအထိရှိတဲ့ လူငယ် ၃၂၀၀ ကျော်ကို ၂၅ နှစ်တာ လေ့လာခဲ့ပြီးနောက် ဒီအဖြေထွက်လာတာပါ။

ကယ်လီဖိုးနီးယားတောင်ပိုင်း လူမှုသိပ္ပံတက္ကသိုလ်က သုတေသီတွေ လေလ့လာချက်အရ ငယ်စဉ်မှာ နေ့စဉ် ၃ နာရီနှင့်အထက် တီဗီကြည့်တဲ့ လူငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းရည် အတော်လေး ကျဆင်းစေတတ်ပါတယ်။ နေ့စဉ် တီဗီရှေ့မှာ ကြာမြင့်စွာ ထိုင်နေတာမျိုးအပြင် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိတဲ့ကလေးငယ်တွေက ပိုပြီးတောင် ဆိုးပါသေးတယ်။

play

တစ်ရက်ကို သုံးနာရီနဲ့အထက် တီဗီကြည့်မိရင် မကောင်းပါဘူး။

ဒါကြောင့် သက်လတ်ပိုင်းအရွယ်မရောက်ခင်အထိ တီဗီကြည့်ချိန် မကြာမြင့်ဖို့ သတိထားရမှာပါ။ ကိုယ်လက်လှုပ်ရှားမှုမရှိတာရယ် တီဗီကြည့်ချိန် များတာရယ် ပေါင်းလိုက်တဲ့အခါ အစီအစဉ်တွေ ချမှတ်နိုင်မှုမှာ အလွန်အားနည်းသွားပြီး လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်မှုမှာလည်း အားနည်းသွားပါတယ်။

အရင်ကလည်း ဒါမျိုးလေ့လာချက်အရ ဒီအပြုအမူတွေက ဦးနှောက်ကို ထိခိုက်နိုင်ကြောင်း သိထားပေမဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်မှာ အကျိုးသက်ရောက်မှု ဖြစ်မယ်ဆိုတာ မတွေ့ရှိခဲ့ကြပါဘူး။

Source :www.time.com

Photos : www.time.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ