Lifestyle: မီးလောင်နေပေမဲ့ ဆက်ချစ်ဆဲ

မီးလောင်လို့ အရေပြားတွေလောင်ကျွမ်းပြီး ပျက်စီးသွားခဲ့ပေမဲ့ သူမရဲ့ကောင်လေးကတော့ ပြုစုစောင့်ရှောက်ဖို့ အလုပ်တောင် ထွက်ခဲ့ပါတယ်။

play

 

သြစတျေးလျမော်ဒယ်ဟောင်း တျူရီယာပစ် အကြာင်းဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ ခုနှစ်တုန်းက မာရသွန်ပြေးပွဲတစ်ခုကို ဝင်ပြိုင်စဉ်မှာ တောမီးလောင်းကျွမ်းခံခဲ့ရသူဖြစ်ပါတယ်။

play

 

ခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းထိလောင်ကျွမ်းခဲ့ပြီး လက်ချောင်းအချို့ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ကောင်လေးကတော့ သူမကိုစွန့်ခွာသွားခြင်းမရှိဘဲ ပြုစုစောင့်ရှောက်ဖို့အလုပ်တောင်ထွက်ခဲ့ပါတယ်။

play

 

CNN နဲ့ အင်တာဗျူးတစ်ခုမှာ  "သူ့ကိုထားသွားပြီး ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ်ရှေ့ဆက်မယ် ဆိုတဲ့အတွေးမျိုးများ ခင်ဗျားမတွေးမိဘူးလား"လို့မေးခဲ့ရာမှာ ကောင်လေးက "သူ့စရိုက်တွေ၊ သူ့စိတ်ဓာတ်တွေကို သဘောကျလို့ ကျွန်တော်လက်ထပ်ခဲ့တာပါ။ သူကသာ ကျွန်တော့်အိမ်မက်တွေကိုဖြည့်ဆည်းပေးမယ့် တစ်ဦးတည်းသော အမျိုးသမီးပါ" လို့ ဖြေခဲ့ပါတယ်။

Photos & Sources : www.dailymail.co.uk , blog.asiatown.net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ