Lifestyle: ဆောင်းတွင်းမှာ ဆောင်ထားရမယ့်အရာ (၃) ခု

ဒီအရာတွေက အမျိုးသားရော အမျိုးသမီးပါ လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။

play

 

သပ်ရပ်သန့်ရှင်းမှုက လူတိုင်းကို စမတ်ကျကျနဲ့ ကြည့်ကောင်းနေစေပါတယ်။ ရိုးရိုးရှင်းရှင်းလေး နေရင်တောင်မှ သန့်ရှင်းသပ်ရပ်တဲ့ အလှကိုတော့ ဖန်တီးနိုင်ပါသေးတယ်။ မကြာမီ ရင်ဆိုင်ရတော့မယ့် ဆောင်းတွင်းရဲ့ အအေးဒဏ်ကို အံတုဖို့ ဒါလေးတွေတော့ ဆောင်ထားသင့်ပါပြီ။

၁။ အသားလှဆီ

play

အသားလှဆီ (body lotion)ကို သုံးရတာ မကြိုက်ဘူးဆိုရင်တောင်မှ ဆောင်းတွင်းမှာ သုံးပေးရပါမယ်။ ဂလစ်ဆရင်းလိုမျိုး အလှဆီတွေက အသားပက်တာကို ကာကွယ်ပြီး အသားရည်ကို ချောမွေ့စေပါတယ်။

၂။ Lip Balm

play

 

နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲတာကိုလည်း ရင်ဆိုင်ရနိုင်လို့ lip balm ကို သုံးပေးပါ။ တခြား ရွေးချယ်မှုကတော့ lip gloss ဖြစ်ပါတယ်။

၃။ လက်သန့်ဆေး

play

 

ခြောက်သွေ့ အေးမြတဲ့ ရာသီဥတုဟာ ပိုးမွှားတွေနဲ့ အခြား ဘက်တီးရီးယားတွေ ကပ်ငြိစေနိုင်ပါတယ်။ အဓိက အရေးကြီးတာ လက်တွေ သန့်ရှင်းနေဖို့ပါ။ ခြေဆီ၊ လက်ဆီတွေလည်း ထွက်တတ်တာကြောင့် ကျန်းမာသန့်ရှင်းအောင် နေရပါမယ်။

Photo : www.rockmystyle.co.uk, blog.netrobe.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ