Lifestyle: နှာခေါင်းပေါ်က ဆားဝက်ခြံ ဖယ်ရှားနည်း

, updated

တည်ကြည်ချောမွေ့တဲ့ မျက်နှာဖြစ်စေ နူးညံ့သိမ်မွေ့တဲ့ အလှပိုင်ရှင်ဖြစ်စေ ဆားဝက်ခြံတွေ ရှိနေရင်တော့ အဲ့ဒီအလှခေါင်းစဉ်နဲ့ သွေဖယ်ရတော့မှာပါ။ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်ရအောင်လေ။

play

 

ဆားဝက်ခြံ ပြဿနာဟာ အမျိုးသမီးရော အမျိုးသားတွေမှာပါ ကြုံတွေ့ရလေ့ ရှိပါတယ်။ အဆီပြန်တတ်တဲ့ အသားအရည် ပိုင်ရှင်တွေက အများဆုံး ရင်ဆိုင်ရတာပါ။ ဒါကို ဖြေရှင်းဖို့အတွက် ငွေကြေး အကုန်ကျခံစရာ မလိုဘဲ အိမ်မှာတင် ရှင်းထုတ်နိုင်တယ်ဆိုတာ ပြောပြပါ့မယ်။

play

 

လိုအပ်တဲ့ပစ္စည်းကတော့ ဂျဲလ် အမျိုးအစားမဟုတ်တဲ့ သွားတိုက်ဆေးပါပဲ။ သွားတိုက်ဆေးကို ဆားဝက်ခြံရှိတဲ့ ဧရိယာတွေပေါ်မှာ ခပ်ပါးပါး သုတ်ပါ။ မိနစ် ၂၀ ခန့် ကြာရင် သွားတိုက်ဆေးတွေ ခြောက်သွားပါလိမ့်မယ်။ အဲ့ဒီတော့မှ မျက်နှာကို ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ချွေးပေါက်တွေ ပြန်ထိန်းညှိဖို့အတွက် တိုနာလိမ်းဖို့ မမေ့ပါနဲ့။

ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၂ကြိမ်လောက် ပြုလုပ်ပေးရင် ဆားဝက်ခြံတွေကို အပြတ်ရှင်းထုတ်နိုင်ပါတယ်။

Photo : www.healcure.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ