Lifestyle: သင့်ခန္ဓာကိုယ် ဒီလိုပုံစံဖြစ်နေရင် မကောင်းပါ

သင့်ခန္ဓာကိုယ်ပုံစံတွေက ဒီလိုဖြစ်နေရင်မကောင်းပါဘူး။

play

 

British Chiropractic Association ရဲ့စစ်တမ်းအရ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ အသက် ၃၄ နှစ်ကျော်တာနဲ့ နာတာရှည်ကိုက်ခဲနာကျင်မှုတွေ ဖြစ်နေတယ်လို့ဆိုပါတယ် ။ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပုံစံဟာ ပုံပါအတိုင်း ပုံစံတွေဖြစ်နေရင် မကောင်းဘူးလို့သိရပါတယ်။
Leaning Tower က နာကျင်ကိုက်ခဲမှု အဖြစ်နိုင်ဆုံးပုံစံပါ။ ဒီလိုပုံစံနဲ့အမျိုးသမီး ၁၀ ယောက်မှာ ၆ ယောက်ဟာ နာကျင်ကိုက်ခဲမှုတွေဖြစ်နေပါတယ်။ Bridge  ကတော့ ဒုတိယလိုက်ပြီး Spoon ကတော့ သူ့နောက်မှာရှိနေပါတယ်။ Flat Back ပုံစံကအကောင်းဆုံးဖြစ်ပြီး စစ်တမ်းကောက်ယူမှုအရ ဒီလိုပုံစံအမျိုးသမီးတွေဟာ ကျောနာခြင်း၊လည်ပင်းနာခြင်းမျိုးတွေမရှိပါဘူး။

play

 

အဆိုပါသုတေသနစစ်တမ်းရဲ့အကြံပေးချက်အရ ကျန်းမာရေးကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်းကြီးကြီးမားမားလုပ်ခြင်းထက် ခန္ဓာကိုယ်ပုံစံမှန်မှန်နေတာက ပိုကောင်းတယ်လို့ဆိုပါတယ်။ ဒီလိုခန္ဓာကိုယ်မှန်ဖို့ အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးလေ့ကျင့်ခန်းကတော့ သက်သောင့်သက်သာပုံစံမျိုးနဲ့ မတ်တပ်ရပ်နေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ရှုံ့ထားတာပဲဖြစ်ပါတယ်။
Photos Sources: www.huffingtonpost.co.uk, www.dailymail.co.uk
Source : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ