Lifestyle: စမတ်ဖုန်းနဲ့လည်း ဓါတ်ပုံကောင်းကောင်း ရိုက်လို့ ရပါတယ်

စမတ်ဖုန်းနဲ့ ဓါတ်ပုံကောင်းကောင်းရိုက်နည်းကို ခရီးသွားဝါသနာပါသူ ဂွီတိုက အခုလို ရှင်းပြထားပါတယ်။

play

 

ကနေဒါမှာ နေထိုင်တဲ့ ဂွီတိုဂူတီယာရက်ဇ်ဆိုသူဟာ အပျော်တမ်းခရီးသွားတစ်ဦး ဖြစ်ပါတယ်။ ထူးခြားတာက သူ့ရဲ့ခရီးစဉ်တွေမှာ အခြားသူတွေလို ပရော်ဖက်ရှင်နယ်ကင်မရာ(DSLR) တွေနဲ့မရိုက်ပဲ စမတ်ဖုန်းတွေနဲ့ ရိုက်ထားသည့်တိုင်အောင် အတော်လေး ကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။

ခရီးသွားရတာ ဝါသနာပါတဲ့ ဂွီတိုဟာ အလွန်ကြေည့်ကောင်းတဲ့  ခရီးသွားဓါတ်ပုံတွေကို စမတ်ဖုန်းနဲ့ ရိုက်ကူးနိုင်တာကြောင့် သူ့ရဲ့အင်စတာရမ်အကောင့်ဟာ အခုဆို Follower ၁၉၇၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ဓါတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် သူအကြံပေးတာကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။ ကင်မရာရဲ့ မှန်ဘီလူးကို သန့်ရှင်းနေအောင် ဖုန်သုတ် ထားဖို့ပဲ ဖြစ်ပါတယ်။

play

 

သူအကြံပြုထားတဲ့ အဓိကအချက်တွေကတော့

၁။ ဖန်တီးနိုင်မှုရှိပါစေတဲ့။ ဓါတ်ပုံရိုက်တဲ့အခါ ပြတင်းပေါက်တို့ မှန်တို့ ပါအောင်ရိုက်နိုင်ရင် ပိုပြီး ကြည့်ကောင်းလေ့ ရှိသတဲ့။

၂။ တိမ်တွေ၊ ငှက်တွေနဲ့ နေရောင်တွေကို များများပါအောင် ရိုက်ရင် ပိုကောင်းပါသတဲ့။ ဒီလို အမြင် လှစေမယ့် အရာတွေ ဓါတ်ပုံထဲပါဖို့ လိုပါတယ်

၃။ နောက်တစ်ခုကတော့ အထက်မှာ ပြောခဲ့တဲ့ အတိုင်း ကင်မရာမှန်ဘီလူးကို ဖုန်ပြောင်နေအောင် သုတ်ထားဖို့ ဖြစ်ပါတယ်။

၎။ နောက်တစ်ချက်ကတော့ နေရာရွေးတက်ဖို့ပါ။ ဘယ်နေရာက ရိုက်လိုက်ရင် ကြည့်ကောင်းမလဲ ဆိုတာ ရွေးတက်ဖို့ လိုပါသတဲ့။

ဒီတော့ ပရော်ဖက်ရှင်နယ်ကင်မရာ မကိုင်ပဲ စမတ်ဖုန်းနဲ့ ဓါတ်ပုံကောင်းကောင်း ရိုက်နိုင်ဖို့ ဂွီတိုဂူတီယာရက်ဇ်က စံပြအဖြစ်ရှိနေပါတယ်။

သူ့ရဲ့ပုံတွေကို အောက်မှာ ကြည့်နိုင်ပြီး ဂွီတိုရဲ့ အင်စတာဂရမ်အကောင့်ကတော့ ဒီမှာပါ။

https://www.instagram.com/guigurui/

play
play
play

 

Source : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ