Lifestyle: ဆင်နင်းတာ ခံချင်ကြ သူတွေ

ဆင်နင်းတာကို ခံချင်လွန်းလို့ ဆိုရင် ထိုင်းမှာတော့ ပိုက်ဆံပေးမှ ရပါတယ်။

play

 

ဆင်နင်းခံရရင် အသက်ထွက်ဖို့သာ များတာကြောင့် အခက်အခဲ တွေ့ကြတဲ့အခါ ခေါင်းဆင်နင်း ခံရပြီလို့ ပြောလေ့ရှိကြပါတယ်။ ထိုင်းမှာတော့ ဒီလိုမဟုတ်ပဲ ဆင်နင်းခံချင်လွန်းလို့ ပိုက်ဆံပေးရပါတယ်။

ထိုင်းနိုင်ငံကမ်းခြေမှာ ခရီးသွားဧည့်သည်တွေကို အထူးတဆန်းဖျော်ဖြေမှုအဖြစ် ယဉ်ပါးအောင် လေ့ကျင့်ထားတဲ့ ဆင်တွေကို အနှိပ်သည်အဖြစ် ခိုင်းစားနေတာဖြစ်ပါတယ်။ လေ့ကျင့်ပေးထာတာ ဖြစ်လို့ ဆင်က လူတွေခံနိုင်ရုံလောက် ခပ်ဖွဖွလေးသာ နင်းပေးပါတယ်။

play

 

ဆင်အနှိပ်သည်လို့ နာမည်ကြီးလာပြီးတဲ့နောက် တိရိစ္ဆာန်ချစ်သူတွေကတော့ ဒါကို ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။ ခရီးသွားတွေအနေနဲ့ အခုနှစ်ခရီးသွားရာသမှာ အဲဒီလုပ်ငန်းကို အားမပေးဖို့ တိရိစ္ဆာန် အခွင့်ရေး စောင့်ရှောက်သူများအဖွဲ့ တိုက်တွန်းထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ ဆင်နှိပ်ပေးတာကို ခရီးသွားတွေက အတော်သဘောကျနေကြပါတယ်။

Source :www.thedodo.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ