Lifestyle: မြန်မာနိုင်ငံသားများရဲ့ အနှစ်သက်ဆုံး နံနက်စာ (၃) မျိုး

မုန့်ဟင်းခါးဟာ စားရလွယ်ကူပြီး အာဟာရလည်း ပြည့်ဝပါတယ်။

play

 

မနက်စာစားဖို့ အရေးကြီးပါတယ်။ နံနက်စာ စားပေးမှ တစ်နေ့တာ လှုပ်ရှားသွားလာဖို့အတွက် ခွန်အားတွေ ရလာမှာပါ။ မြန်မာတွေကတော့ နံနက်စာ ပုံမှန်စားလေ့ရှိပြီး အကြိုက်ဆုံး မနက်စာတွေကတော့ အာဟာရပြည့်ဝတဲ့ မနက်စာတွေ များပါတယ်။

၁။ မုန့်ဟင်းခါး

play

 

မြန်မာတော်တော်များများကို မေးလိုက်ရင် အကြိုက်ဆုံးက မုန့်ဟင်းခါးလို့ ဖြေမှာပါ။ ငါး၊ ပဲ၊ ဂျင်း၊ စပါးလင် အပါအဝင် အမယ်ပေါင်း စုံလင်စွာ ချက်ထားတဲ့ မုန့်ဟင်းခါးဟာ မြန်မာ့ရိုးရာစာ စစ်စစ်လည်း ဖြစ်ပါတယ်။

၂။ ပဲပြုတ်နဲ့ထမင်း

play

 

စားတော်ပဲပြုတ်ကို ထမင်းဆီဆမ်းနဲ့ နယ်ထားတာဖြစ်ပြီး ထမင်းရဲ့ ကစီဓာတ်၊ ပဲရဲ့ အသားဓာတ်တို့က အာဟာရပြည့်ဝတဲ့ နံနက်စာ ဖြစ်စေပါတယ်။

၃။ လက်ဖက်ရည်နဲ့ အီကြာကွေး

play

 

လက်ဖက်ရည် ယဉ်ကျေးမှုဟာ မြန်မာနိုင်ငံမှာ သိပ်ကို ပျံ့နှံ့ပါတယ်။ နံနက်ပိုင်းနဲ့ ညနေခင်းတွေမှာ လက်ဖက်ရည်ဆိုင်တွေ လူပြည့်လေ့ရှိပါတယ်။ လက်ဖက်ရည်ကို နံပြား သို့မဟုတ် အီကြာကွေးနဲ့လည်း တွဲဖက်ပြီး နံနက်စာအဖြစ် စားကြပါတယ်။

Photo : www.thuriya.org, www.s13.postimg.org,www.helpgoabroad.com,www.austinbushphotography.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ