Lifestyle: အဖော်မဲ့ အထီးကျန် ဆန်သူများ အလွယ်တကူ ဖျားနာလေ့ရှိ

တစ်ကိုယ်တည်း အဖော်မဲ့အထီးကျန်စွာ မနေထိုင်သင့်ဘူးဆိုတာကို ထောက်ပြထားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

play

အထီးကျန်တက်သူတွေက ကျန်းမာရေး ခြူခြာလေ့ ရှိပါတယ်

လေ့လာတွေ့ရှိမှု အသစ်အရ တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်ဆန်တယ်လို့ ခံစားနေရသူတွေဟာ ရာသီဥတု အကူးအပြောင်း အခြေအနေမှာပင် ဖျားနာတတ်တယ်လို့ ဆိုပါတယ်။

play

အသက်ကြီးလာတဲ့ အခါလည်း တစ်ကိုယ်မဖြစ်ပါစေနဲ့

အမေရိကန်ပြည်ထောင်စု ချီကာဂိုတက္ကသိုလ်မှ သုတေသနပညာရှင်တွေက ဆယ်စုနှစ်တိုင် ကြာမြင့်တဲ့ လေ့လာမှုအစီအစဉ်မှာ ပါဝင်သူ ၁၄၁ ဦးရဲ့ သွေးနဲ့ဆီး နမူနာတွေကို စစ်ဆေးခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အဖော်မဲ့ဖြစ်မှု အထီးကျန်ဆန်မှု အခြေအနေကိုလည်း နှစ်စဉ် စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီလို ကာလရှည်ကြာ လေ့လာစစ်ဆေး တွေ့ရှိမှုအရ အဖော်မဲ့ အထီးကျန်ဆန်တဲ့သူတွေမှာ ခန္ဓာကိုယ်တွင်း သွေးဖြူဥပမာဏကို ပြောင်းလဲစေတဲ့ norepinephrine ဓာတ် ပိုမိုမြင့်တက်နေတတ်ပါတယ်။

play

 

အဲဒီအကျိုးဆက်က ခန္ဓာကိုယ်ရဲ့ ရောဂါဒဏ် ခုခံနိုင်စွမ်းကို ကျဆင်းစေပြီးတဲ့နောက် အအေးမိ ဖျားနာခြင်းနဲ့ အခြာ ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အထီးကျန်ခြင်းကြောင့် စိတ်ဖိစီးမှု ခံစားရနိုင်ပြီး ကျန်းမာရေးဆိုးကျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်စေပါနဲ့၊ အဖော်မဲ့ အထီးကျန်ဆန်တယ်လို့ ခံစားနေရသူတွေထံ အလည်အပတ် သွားပေးပါလို့ တိုက်တွန်းထားပါတယ်။

Source & Photo: http://metro.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ